chapter 63

279 37 3
                                    

🍬Chapter 63
------------

နောက်တစ်နေ့ နံနက်စောစောအချိန်၌ ရွှီလော့ယန် ယိုလိအင်တာတိန်းမန့်သို့ ရောက်ရှိနေခဲ့သည်။

ကျန်းသုန့်၏‌ရုံးခန်းထဲသို့ တန်းတန်းမတ်မတ်ဝင်သွား၍ ပါဆယ်ဝယ်လာသည့်မနက်စာကို ခင်းကျင်းကာ "ကျန်းကော၊ ထွက်လာပြီး မနက်စာစားတော့။ ရွှယ်ယင်းနဲ့တခြားလူတွေကရော ဘယ်ရောက်နေတာလဲ။"

"ငါ ဒီမှာ။"

ကျန်းသုန့်ပြန်မဖြေနိုင်ခင်မှာဘဲ သူ့နံဘေးရှိ ဧည့်ခန်းမမှတံခါးပွင့်လာကာ၊ လူထုဆက်ဆံရေးလက်ထောက် ရွှယ်ယင်းက လျှောက်လာသည်။ သူမ၏ တိုတောင်းသည့်ဆံပင်များက ရှုပ်ပွနေပြီး ကြေမွနေသည့် အဖြူရောင်တီရှပ်လက်ရှည်ကိုဝတ်ဆင်ထားသည်။ သူမက စားပွဲထံသို့အပြေးလေးလာကာ အင်္ကျီလက်ကိုပင့်မ၍ ဆန်ပြုတ်၍စသောက်လေတော့သည်။

သူမ၏နောက်မှ လိုက်လာသည်က သန်းဝေလျက်ရှိသော လုတိ။ သူက အနည်းငယ်နုံးချည့်နေသေးသော်လည်း ရွှယ်ယင်း၏ပုံစံကိုမြင်လိုက်ရသော်အခါ၊ ခြိမ်းခြောက်ခံလိုက်ရသလို ခံစားရပြီး သူမနောက်မှအမြန်ပြေးလိုက်လာကာ ပေါင်မုန့်တစ်တုံးကို နှစ်ကိုက်၊သုံးကိုက်ဖြင့် ကုန်စင်အောင် စားသုံးလိုက်၏။

ကျန်းသုန့်မှာတော့ လွန်ခဲ့သည့်နှစ်ရက်အတွင်း ပြည်တည်နာ ငါးခုပေါက်လာခဲ့သည့်အတွက် စကားပြောလျှင်ပင် နာကျင်နေရသည်။ သို့နှင့်သူက ဆန်ပြုတ်ကိုသာ ဖြည်းဖြည်းသာသာစားနေလေ၏။

"မနေ့တုန်းက သိုက်ရွှယ်ချင်းက ဖြေရှင်းချက်ထုတ်ခဲ့ပြီးတော့၊ အရေးအကြီးဆုံးအပိုင်းကို ဖြည်သွားပေးတယ်။ နောက်တော့ လူထုအမြင်ရဲ့ဖိအားအောက်မှာ၊ ရုပ်ရှင်ကျောင်းတော်ကလည်း ကြော်ငြာချက်တစ်ခုထုတ်ခဲ့တဲ့အပြင်၊ အငြိမ်းစားယူသွားပြီးသားဆရာတစ်ယောက်အပေါ် အပြစ်ပုံချဖို့ လုပ်ခဲ့တယ်။ ဒီလောက်ဆို လုံလောက်ပါပြီ။"

ရွှီလော့ယန်ခေါင်းညိတ်သည်ကို မြင်သည့်အခါ၊ ကျန်းသုန့်က ပြောလာသည်။

"ငါတို့အခုဆက်လုပ်ရမှာက ဒီဇာတ်လမ်းရဲ့အရှိန်ကိုထိန်းထားပြီး၊ ပြန်ပေါ်လာနိုင်ချေရှိတဲ့ အမည်းစက်နဲ့သံသယဝင်စရာဖြစ်ရပ်တွေအကုန် ရှင်းလင်းပစ်ဖို့ပဲ။"

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့Where stories live. Discover now