ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့

211 36 0
                                    

Chapter 29
------------

အရက်မူးနေတဲ့ ရွှီလော့ယန်က တစ်ချက်လေးတောင်မှငြိမ်ငြိမ်မနေနိုင်ဘဲ အရမ်းကိုလှုပ်လှုပ်ရွှရွှဖြစ်နေသည်။မတ်တပ်ပင်ဖြောင့်ဖြောင့်တန်းတန်းမရပ်နိုင်တော့သဖြင့် လဲကျမှာစိုးတာကြောင့် ချီချန်အန်းကသူဘေး၌တချိန်လုံးနေနေရသည်။

သစ်သားစားပွဲ ခြေခုံ၏ပုံစံ၊နံရံကပ်စက္ကူ၏ဒီဇိုင်း၊ငါးကန်ထဲရှိ အပင်မျိုးစိတ်၊ဟိုတယ်ရဲ့ လတ္တီကျုနှင့်နဲ့ လောင်ဂျိကျုကိုတောင်မှတွက်ချက်နေလိုက်သေးသည်။

နောက်ဆုံးအားကုန်သွားတဲ့ရွှီလော့ယန်တစ်ယောက် နဖူးပေါ်လက်တင်ပြီးရေရွတ်ပြန်သည်။

"ကျွန်တော်....နားမှရတော့မယ်နဲ့တူတယ် ကြည့်ရတာကမ္ဘာကြီးကများ လည်နေတာလား ဒါမှမဟုတ် ကျွန်တော်ကပဲခေါင်းမူးနေတာလား"

ပြီးနောက် ရုတ်တရက်တစ်ခုခုကိုစဉ်းစားမိသွားကာ သူ‌လေသံကနည်းနည်းစိုးရိမ်သွားပြီး"ချီချီ ဘယ်မှာလဲ၊ချီချီက ထွက်သွားပြီလား"

"ကိုယ်မသွားသေးဘူး၊ ဒီမှာရှိသေးတယ်လေ"

ချီချန်အန်းက ရွှီလော့ယန်ရဲ့နောက်မှာရပ်နေပြီး သူပြောလို့ပြီးသွားတာနဲ့ ရွှီလော့ယန်က အနောက်ကိုလှည့်ပြီးသူ့အား ပြုံးပြတာကိုမြင်လိုက်ရသည်။ပြီးတော့ ယခုမှလမ်းလျှောက်တက်ခါစကလေးတစ်ယောက်လိုယိုင်တိယိုင်တိုင်ခြေလှမ်းများဖြင့် လက်နှစ်ဖက်အားဖွင့်ကာ ခုန်တတ်လိုက်သည်။

ချီချန်အန်းရဲ့ပခုံးပေါ် ရွှီလော့ယန်က မေးစေ့တင်လိုက်ကာ"ချီချီ"ဟုရေရွတ်လိုက်ပြီး"ချန်အန်းကော"ဆိုပြီး အကြိမ်ပေါင်းများစွာထပ်တလဲလဲခေါ်နေပြန်သည်။

ခဏလောက်ကြာတော့ သူ့ကရယ်မောနေပေမယ့် ဘာကြောင့် သူပျော်နေရတာလဲဆိုတာကိုတော့မသိ။

"မင်း မူးနေတယ်မလား၊ထိုင်ရအောင် ဟုတ်ပြီလား"

"အင်း" ရွှီလော့ယန်က ကောင်းကောင်းမွန်မွန်ပြန်ဖြေလိုက်ပြီးနောက် ဆိုဖောပေါ်၌ထိုင်ရန် ဆွဲချခံလိုက်ရသည်။

သူဝိုင်ဖြူတွေသာပါသည့်ခွက်ကိုသုံးခါတိတိသောက်ခဲ့တာကို သတိရသွားပြီး ချီချန်အန်းကစိုးရိမ်တကြီးဖြင့်မေးလိုက်သည်။

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့Nơi câu chuyện tồn tại. Hãy khám phá bây giờ