"ဘာ!"

ဒီစကားက ရှင်းဟန်ကို နွေလယ်ခေါင်မှာမိုးကြိုးပစ်ချသွားသလိုခံစားလိုက်ရသည်။

"ဘာလို့လဲ"

"ငါမှ ကားမမောင်းတတ်တာဟ!"

"ခင်ဗျား နောက်နေတာမလား"

"ဒီစောက်ခွက်ကနောက်တာဖြစ်မလား"

"bodyguard လေး ခန့်ပါတယ်...။ကားမမောင်းတတ်ဘူးတဲ့"

"ဟျောင့် မင်းဘာသာမင်းလာကမ်းလှမ်းတာ။ငါဘာလုပ်လုပ် မင်းနားလည်ပေးရမှာလေ။ဗွေယူရင် မင်းပဲမှားမှာ။ငါ့ကို မင်း ခေါ်လာတာမို့"

"အော်...အင်းပါ။ကျွန်တော်ပဲမှားပါတယ်။ကျွန်တော်မျိုးပဲ မောင်းပါတော့မယ်"

"အေး"

"ကိုယ့်boss ကိုပြန်ခိုင်းစားတာ ခင်ဗျားပဲရှိတယ်နော်"

"အရင်ကမောင်းတတ်ပါတယ်...မမောင်းတာကြာပြီမို့ လက်မရဲတာ။ငါနောက်နေ့ကျ ပြန်သင်ထားလိုက်မယ်"

"...."

"မနက်စာမစားတော့ဘူးလား"

"အင်း...ကျွန်တော် စားတာရှားတယ်။ခင်ဗျား စားပြီးပြီလား။ မစားရသေးရင်စားလေ။ကျွန်တော်စောင့်ပေးမယ်။"

"တော်ပါပြီ။တော်ပါပြီ။တော်ကြာ... boss
က bodyguard မနက်စာစားတာကိုထိုင်စောင့်နေရပါတယ်လို့ အဖဲ့မခံနိုင်ဘူး"

"မဖဲ့ပါဘူး။စား...ကျွန်တော်တကယ်ပြောတာ"

"စားပြီးပြီ စောနလေးကမှ"

"အော်...ပြီးပြီဆိုလည်းသွားမယ်လေ။ဒီနေ့ ကုမ္ပဏီကိုမသွားခင် ပါတနာတစ်ယောက်နဲ့တွေ့ဖို့ရှိတယ်"

ရှေ့ကထွက်သွားသော သူနောက်ကိုရှင်းဟန် တန်းမလိုက်ဖြစ်သေး။ ဝတ်ထားသောcoat၏ အောက်ရှိအင်္ကျီထဲတွင် ပြင်ဆင်ထားသော သေနတ်ကိုသေချာပြန်စစ်ဆေးနေသောကြောင့်ဖြစ်သည်။

ရာစု မောင်းလာသော ကားလေးမှာ restaurant တစ်ခုသို့ထိုးရပ်သွားသည်။ရာစု suit ကိုချွတ်ထားခဲ့၍ ခေါင်းစွပ်ပါ‌ သောhoodie‌ ကိုကောက်ဝတ်လိုက်သည်။ထို့နောက် ခေါင်းကိုစွပ်၍ ဒတ်ဘုတ်ရှ်ပေါ်ရှိ ဖိုင်တွဲကိုယူကာ ကားအောက်သို့ဆင်းခဲ့လိုက်သည်။

Love Behind The Complexity Where stories live. Discover now