အပိုင်း(၅၃၀)

Начните с самого начала
                                    

ထျန်းကျင်းရွှမ်က သူ့လက်ထဲမှ အဝတ်အစားများကို မထည့်ခင် ခဏကြောင်အမ်းအမ်း ဖြစ်နေပြီး ထျန်းအကြီးအကဲကို လေးလေးနက်နက် စကားပြောသည်။
"ဘိုးဘိုး၊ အခုလို ပြဿနာတွေကြုံပြီးနောက် မြေးက ဘယ်နေရာမှာ တကယ် အဖိုးတန်လဲဆိုတာ မြေး နားလည်လာတယ်"

"မြေး နည်းနည်း နောင်တရမိတာ ဝန်ခံပါတယ်။ ဒါပေမဲ့ မြေးက ထျန်းမိသားစုကို တာဝန်ယူချင်လို့ ဒီလို နိုင်ငံခြားထွက် ပညာသင်ဖို့ လုပ်တယ်လို့ ပြောရင် ဘိုးဘိုး ယုံကြည်ပေးပါ"

"အစ်မထျန်းနင်က သရုပ်ဆောင်မင်းသမီး ဖြစ်ဖို့ မွေးဖွားလာတာပါ။ ရုပ်ရှင်လောကက အစ်မကို တောက်ပအောင် ဖန်ဆင်းပေးနိုင်တယ်။ ဒါမို့ ထျန်းမိသားစုကို ကျွန်တော်က တာဝန်ယူသင့်တယ်"

"အရိုးသားဆုံး ပြောနေတာလား"
ထျန်းအကြီးအကဲက ဆက်လက် မေးမြန်းသည်။ တကယ်တမ်း ထျန်းကျင်းရွှမ်၏ ရှေ့ဆက်လျှောက်မည့် ကြိုးစားအားထုတ်မှုကို သူ အကြွင်းမဲ့ ယုံကြည်ပါသည်။ မည်သို့ပင် ဆိုစေကာမူ သူ့အစ်မ ထျန်းနင်က သူ့ကို အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက်ခဲ့၍ သူ့အစ်မ ထမ်းပိုးထားရသော မိသားစုတာဝန်ကို သူလည်း မျှဝေယူသင့်သည်။

"ဒီလောက် ရိုးသားတဲ့ ရိုးသားမှုမျိုး မရှိနိုင်တော့ဘူး။ ဘိုးဘိုး၊ မြေး အနားမှာ မရှိရင် ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်ဖို့ မမေ့နဲ့ဦး။ ဟိုအရူးမ ထျန်းရွှမ်အနားလည်း သိပ်မကပ်နဲ့ သူက ယုံကြည်လို့ မရဘူး။ သူက ရူးကြောင်ကြောင် ဖြစ်နေတော့ သူ ဘာတွေကြံစည်ထားလဲ မသိနိုင်ဘူး"

ထျန်းအကြီးအကဲက သက်ပြင်းချလိုက်ပြီး  ခေါင်းမညိတ်ခင် ထျန်းကျင်းရွှမ်၏ပခုံးကို ပုတ်လိုက်သည်။
"အဝေးမှာ တစ်ယောက်တည်း နေရရင် ကျန်းမာရေး ဂရုစိုက်ပါ။ မြေးလေး စီးမယ့် လေယာဉ်က မနက် ၇နာရီ ထွက်မယ်မလား။ ဘိုးဘိုး လိုက်ပို့ပေးမယ်"

"မလိုအပ်ပါဘူး ဘိုးဘိုးရယ်။ မြေးဘာသာ သွားနိုင်ပါတယ်"
ထျန်းကျင်းရွှမ်က ထွက်သွားရန် ဆုံးဖြတ်ထားသည်။

"အင်းပါ"

...

ရလဒ်က ထျန်းနင် မျှော်လင့်ထားသည့် အတိုင်း ဖြစ်လာခဲ့သည်။ ထျန်းကျင်းရွှမ်က ထျန်းမိသားစုဝင် အမှန်တကယ် ဖြစ်လာလိမ့်မည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Место, где живут истории. Откройте их для себя