Ep 9

572 50 9
                                    

Uni

"ဦးရေ ဒီနေ့ ကျနော့်ကို လာကြိုလို့ရလား?  ''

ရုတ်တရက် ဖုန်းခေါ်ပြီး  ကျောင်းလာကြိုခိုင်းသော ကောင်လေးကြောင့် ဂျောင်ဂုမှာ လုပ်လက်စ အလုပ်များကို ချက်ချင်း ရပ်တန့်ပစ်လိုက်သည်။

''ဟမ်? နေမကောင်းလို့လား??  တစ်ခုခုဖြစ်လို့လား ကလေး??? ''

တစ်ဖက်မှ ကြားလိုက်ရသော စိတ်ပူမှုများ
ရောစွက်နေသော ဦး၏ အသံလေးကြောင့်
ထယ်ယောင်း ​​ကြည်နူးစွာ ပြုံးလိုက်မိသည်။

ဒီလို ဂရုစိုက်မှုလေးတွေကပဲ
ဦးကို ဆက်ချစ်စေမယ့်
အကြောင်းပြချက်လေးတွေပေါ့။

''အာ နေကောင်းပါတယ် ဦးရဲ့.... 
အိမ်ကားက လာ မကြိုနိုင်ဘူးတဲ့လေ...
အဲ့ဒါ အိမ်နဲ့ ကျောင်းက ဝေးတော့လေ..... 
ရပါတယ် ဦးဘက်က အဆင်မပြေရင်လည်း...ကိုယ့်ဟာကိုပဲ....  ”

အသံလေးကို တမင် သနားစရာ​ကောင်းအောင် လျှော့ပြောလိုက်ကာ ဦး၏ တစ်ဖက်မှ တုံ့ပြန်မှုကို စောင့်​နေမိသည်။

တောင်းဆိုမှုကို ဦးဘက်က လက်ခံပေးမှာကို နှလုံးသားက အသေအချာပင် သိနေ၏။

ဘာလို့လဲ?

ခု ဖုန်းဆက်နေတဲ့လူက 
ကျနော့်ရဲ့ Mr.Jeon မို့လို့။

"အင်း လာကြိုမယ်လေ ကလေး ဒါပေမယ့် နည်းနည်းတော့ နောက်ကျမယ်..... ကျောင်း ဂိတ်ပေါက်ဝ နားက ခုံမှာ ငြိမ်ငြိမ်လေး ထိုင်စောင့်နေ ”

ကြားလိုက်ရသော ဦး၏ စကားကြောင့်
ထယ်ယောင်း၏ နှုတ်ခမ်းပါးတစ်ဖက်မှာ
စိတ်ကျေနပ်စွာ ကော့တက်သွားတော့သည်။

"ဟုတ်ကဲ့ ဦး ”

ဖုန်းချလိုက်အပြီး ထယ်ယောင်းမှာ မိမိ၏ အဖြေလွှာ စာရွက်လေးကို ကြည့်လိုက်ရင်း သဘောကျစွာ ပြုံးမိလိုက်၏။

ကျောင်းဆင်းချိန် bell က လွန်ခဲ့သော ဆယ်မိနစ်ခန့်က မြည်သွားခဲ့ပြီးပြီဖြစ်သောကြောင့် ယခု အတန်းထဲတွင် လူ မရှိတော့ပေ။ 

စားပွဲပေါ်မှ ကျန်ရှိနေသော ပစ္စည်းများကို ကောက်သိမ်းရင်း မတ်တပ်ရပ်လိုက်ကာ အတန်းထဲမှ ထွက်ရန် ပြင်တော့သည်။

My Mr.Jeon Where stories live. Discover now