7

4.4K 754 194
                                    

မြင့်မိုရ် အိမ်မှာပဲ နားချင်​ပေမယ့် ဥက္ကာက ဖုန်း​ဆက်ပြီး ဇွတ်အတင်း သူ့အိမ် လာခဲ့ခိုင်းသည်မို့ ငြင်း၍မရ​ပေ။ခြံ​ရှေ့​ရောက်သည်နှင့် မြင့်မိုရ်က လူ​​ခေါ်ဘဲလ် နှိပ်လိုက်သည်။​ကတ္တာရာခင်းထားသည့် လမ်းကို ​ခေါင်းငုံ့ကြည့်ကာ ခဲအစအန​​လေး​​တွေကို ​ခြေ​ထောက်ဖြင့် ကန်ရင်း ခြံတံခါး လာဖွင့်​ပေးမည်ကို မြင့်မိုရ် ​​စောင့်​နေလိုက်သည်။

ခြံတံခါး ဖွင့်သံကြား​တော့ မြင့်မိုရ် မတ်မတ်​လေး ပြန်ရပ်ကာ ပြုံးပြရန် ဟန်​လေးပြင်ထားလိုက်၏။လာဖွင့်သည့်သူမှာ အခြားမည်သူမှ မဟုတ်ပါဘဲ ဥဂ္ဂံဖြစ်​နေ​တော့ မြင့်မိုရ်မှာ မျက်နှာမထားတတ် ဖြစ်​နေ​လေပြီ။

ဥဂ္ဂံက ပုံမှန် မျက်နှာထားပဲ ဖြစ်ကာ မြင့်မိုရ် ခြံထဲ ဝင်ပြီးမှ တံခါးပြန်ပိတ်လိုက်သည်။ အ​​တော်​လေး ကျယ်ဝန်းသည့် ခြံမို့ အိမ်မကြီးအတွင်း ​ရောက်ရန် နှစ်မိနစ်​လောက် လမ်း​လျှောက်​ရ​သေးသည်။ManU ဂျာစီဝတ်ထားသည့် ဥဂ္ဂံနှင့် ​ဘေးချင်း ယှဥ်ကာ လမ်း​လျှောက်​နေရသည်မို့ မြင့်မိုရ်၏ ​ခြေလှမ်း​​တွေမှာ ခပ်သွက်သွက် ဖြစ်​နေသည်။ဒီအ​တောအတွင်း စာ​မေးပွဲရက်​တွေမှာ ဦးလွင်မင်းကို အပို့အကြို လုပ်ခိုင်းပြီး ​​ဥဂ္ဂံအား ရှောင်ခဲ့​ပေမယ့် အခု တည့်တည့်တိုး​​နေ​​လေပြီ။

မြင့်မိုရ်က ဥဂ္ဂံအား တစ်ချက် ကြည့်လိုက်ပြီး​နောက် အကြည့်ချင်းဆုံသည်နှင့် ဆတ်ခနဲပင် အိမ်ထဲသို့ အသည်းအသန် ဝင်​ပြေး​တော့၏။ ​အနောက်မှ လိုက်ဝင်လာရင်း မြင့်မိုရ်ကို ကြည့်ကာ ဥဂ္ဂံ အသံထွက် ရယ်လိုက်မိပါ၏။

" ​သြော် ... ​ရောက်ပြီလား။ ငါ ဒီမှာ ဇာတ်ကား​ရွေး​နေတာ။ "

ဥက္ကာက ဧည့်ခန်းမှ ကြမ်းပြင်​ပေါ်တွင် ထိုင်ကာ TVစင်​အောက်ထပ်တွင် ထည့်ထား​သော ပုံးထဲမှ ဇာတ်လမ်းAlbum​​တွေကို နှိုက်ကာ ဇာတ်လမ်း ​ရွေး​နေ၏။ 24လက်မ TVမို့ အ​​တော်​လေး ကြီး၏။ မြင့်မိုရ် ​ကျောပိုးအိတ်ကို ဆိုဖာ​ပေါ် ချလိုက်ပြီး ဥက္ကာအနားသွားကာ ဇာတ်လမ်းအတူ ​ရွေး​​ပေးနေလိုက်၏။

" မင်းက ဘယ်လိုဇာတ်လမ်း ကြည့်ချင်တာလဲ။ "

" ​မှော်ကားတို့ ဘာညာ​ပေါ့။စိတ်ဝင်စားစရာ ​ကောင်းတာမျိုး။ "

Youth , Sweet LoveOnde histórias criam vida. Descubra agora