3

4K 710 131
                                    

" မြင့်မိုရ် ငါ ဒီ​နေ့ နင်နဲ့ ထမင်းအတူစားမ​ပေးနိုင်​တော့ဘူး။ ငါ့အစ်မ ​စေ့စပ်ပွဲရှိလို့ ​နေ့လယ်တစ်ပိုင်း ​ကျောင်းပျက်မှာ။ " 

ဆယ့်နှစ်နာရီထိုးခါနီးမှာတင် Chemistryဆရာ ထွက်သွားပြီမို့ ​ကျောပိုးအိတ်ထဲ ပစ္စည်း​​တွေ သိမ်းရင်း ​သော်​သော်လင်းက ​အားနာ​နေဟန် ​ပြော​လေ​တော့ မြင့်မိုရ်လည်း ထုတ်ထားသမျှ စာ​ရေးကိရိယာ​တွေကို အိတ်အကြည်​လေးထဲ ​သေချာပြန်ထည့်ရင်း ရယ်လျက် ​ပြော၏။

" ရပါတယ် ... ပုံမှန်လည်း ငါထမင်းစားရင် တစ်​ယောက်တည်း စား​နေကျ ​အေး​ဆေး။ "

" အင်းအင်း ... ငါသွား​တော့မယ်​နော်။ "

​​ဆံပင်နှစ်ဖက်ခွဲစည်းထားတာ​​လေး တလှုပ်လှုပ်ဖြင့် ​သော်​သော်လင်းက ထွက်သွား၏။ မြင့်မိုရ် ​အောက်ထပ်သွားကာ ထမင်းဘူးထားသည့် ​နေရာမှ ထမင်းဘူး သွားယူလိုက်သည်။

မြင့်မိုရ် အတန်းထဲ ပြန်ဝင်လာသည်နှင့် နှစ်တန်း​မြောက်မှာ ထိုင်​နေသည့် အမြွှာထဲက တစ်​ယောက်မှာ ပြုံးပြလာသည်။ ​သေချာ​ပေါက် စိုင်းဥက္ကာထူးဖြစ်၏။သူတို့ အမြွှာကို လူမကွဲတာမို့ ရမ်းပြုံးမပြရဲ​​ပေ။​ဥက္ကာမဟုတ်ရင် ကိုယ်ပဲ အရှက်ကွဲရချည်ရဲ့။

" ငါတို့နဲ့အတူ ထမင်းလာစား​​​လေ။ "

ဥက္ကာက ကမ်းလှမ်းလိုက်သည်နှင့် မြင့်မိုရ် ချက်ချင်း လက်ခံ​၏။ တစ်​ယောက်တည်း ထမင်းစားရမှာ ပျင်းစရာ​ကောင်းသည်။

" မင်းတို့က ​အောက်ထပ် ထမင်းစားခန်းမှာ သွားမစားဘူးလား။ "

မြင့်မိုရ်က ထမင်းဘူး​လေးကို ဖွင့်ရင်း ​မေးလိုက်​တော့ ဥက္ကာက သူ့ညီကို ကြည့်ပြသည်။ သ​ဘောက သူ့ညီ သွားမစားချင်၍ အခန်းထဲ၌သာ စားရခြင်းပင်။

မြင့်မိုရ်က ​နားလည်​ကြောင်း ​ခေါင်းငြိမ့်ပြလိုက်ပြီး
တစ်သျူးထုတ်​​လေး ထုတ်ကာ စားပွဲ​ပေါ်တင်သည်။မျက်နှာချင်းဆိုင်တွင် ရှိ​သော ဥဂ္ဂံဆီ အကြည့်​ရောက်သွား​လေ​​​တော့ မြင့်မိုရ်၏ ဘရိတ်မပါသည့် ပါးစပ်က လွှတ်ခနဲထွက်သွား၏။

" ဘယ်​​သန်ကြီး​နော်။ "

ဥဂ္ဂံက မကြည်ဟန် ကြည့်လိုက်မှ မြင့်မိုရ်လည်း လျှာ​လေးကို သွားဖြင့် အသာ​ဖော့ကိုက်ကာ ခဏငြိမ်သွား၏။

Youth , Sweet LoveWhere stories live. Discover now