2

4.5K 744 142
                                    

သုံးနာရီမှာ ​ကျောင်းဆင်း၍ ည​ခြောက်နာရီမှရှစ်နာရီအထိ Guideတန်းအချိန် သီးသန့်ယူထားသူ​တွေမှာ Guideတန်း လာရသည်။ ​Guideတန်းတွင် ကျောင်းချိန်​​တွေလို ​ကျောင်းဝတ်စုံ အဖြူရှပ်လက်တိုအထူနှင့် ​အညို​ရောင်​ဘောင်းဘီရှည် ဝတ်စရာမလိုဘဲ အဆင်​ပြေသလို သက်​တောင့်သက်သာ ဝတ်ခွင့်ရှိသည်။ မိန်းက​လေးများလည်း ​ကျောင်းဝတ်စုံ အင်္ကျီအဖြူနှင့် ဂါဝန်အရှည် ဝတ်စရာမလိုဘဲ အတို၊အပြတ်မှ လွဲ၍ အခြားမည်သည့် ပုံစံမဆို ဝတ်ခွင့်ရှိ၏။

ရှပ်လက်တိုအနီ အပွနှင့် ​ဘောင်းဘီရှည်အနက်အပွကိုသာ မြင့်မိုရ် ဝတ်လာလိုက်၏။ ဦးလွင်မင်းက အချိန်မအားသည်မို့ Guideတန်း စချိန်ထက် ​​စောစွာ ငါးနာရီကျော်ကတည်းက မြင့်မိုရ်ကို ​ကျောင်းအ​​ရောက် ပို့ထား၏။

" ပျင်းလိုက်တာ​နော် "

မြင့်မိုရ်က ပုံဆွဲ​ဝါသနာပါသည်မို့ ပုံဆွဲစာအုပ်ထုတ်ကာ စိတ်ကူးတည့်ရာ ပုံများ ​ရေးခြစ်​နေလိုက်၏။ အချိန်ကုန်လို့ ကုန်မှန်း မသိသာ​တော့​​ပေ။

ခဏအကြာမှာ ​ဟေမာဦးဆိုသည့် ​ကောင်မ​လေးက JJဝမ်းဆက်ဖြင့် ​ရောက်လာကာ မြင့်မိုရ်အား ​ပြောလာ၏။

" မြင့်မိုရ် Blackboardကို သင်ပုန်းဖျက်နဲ့ သန့်ရှင်းလိုက်ဦး။ Guideဆရာမ လာလို့ မသန့်ရှင်းရ​သေးရင် ဆူခံရလိမ့်မယ်။ "

ကိုယ့်ကို လာခိုင်းရင် မကြိုက်တတ်သည့် မြင့်မိုရ်၏ အကျင့်အရ 'ငါက ဘာလို့ ဖျက်​ပေးရမှာလဲ' ဟု ရန်လုပ်ဖို့​ပေမယ့် အခန်းထဲတွင် ​ယောကျ်ား​လေးထဲမှာ မြင့်မိုရ်တစ်​ယောက်သာလျှင် ​ ​ရောက်​နေ​သေးသည်။

" ​သြော် ... အင်း "

မြင့်မိုရ် ခုံမှ ထွက်လိုက်ကာ Stage ခုံ​ပေါ် တက်လိုက်ပြီး သင်ပုန်းဖျက်ကို ယူကာ သန့်ရှင်းလိုက်သည်။ မြင့်မိုရ်၏ အရပ်မှာ အရမ်းမပု​သော်လည်း ရှည်လည်း မရှည်​ပေ။ ပုံမှန် ကြည့်​ကောင်းရုံ အရပ်သာ ဖြစ်၏။ ​ကျောက်သင်ပုန်း၏ တစ်ဝက်​ကျော်ကိုသာ သန့်ရှင်းနိုင်သည်။ ​ခြေဖျား​ထောက် အရှိန်ယူပြီး တစ်ချက်ချင်း သန့်ရှင်းဖို့ ​ဟန်ပြင်​လေ​တော့ မြင့်မိုရ်၏ လက်ထဲမှ သင်ပုန်းဖျက်ကို ​ကောင်​လေးတစ်​ယောက်က ဆွဲယူသွား၏။

Youth , Sweet LoveWhere stories live. Discover now