5

4.1K 691 121
                                    

ဥဂ္ဂံ မြင့်မိုရ်တို့ အိမ်​ရှေ့တွင် ​ရောက်​နေသည်မှာ ငါးမိနစ်​လောက်ရှိ​နေပြီ။ ဆိုင်ကယ် ဟွန်းတီးပြီး အသံ​ပေး​သော်လည်း မြင့်မိုရ်က ထွက်မလာ​သေး​ပေ။ဥဂ္ဂံ ဆိုင်ကယ်​ပေါ်မှ ဆင်းလိုက်ပြီး ခြံဝမှ လူ​ခေါ်ဘဲလ်ကို နှိပ်လိုက်သည်။ 

" စိတ်ရှုပ်စရာ​ကောင်းလိုက်တာ။ လာ​ခေါ်တဲ့သူက ပြန်​စောင့်​နေရတယ်။ဒီဟာ​လေး ဘာ​တွေများ လုပ်​နေလဲ မသိဘူး။ "

ဥဂ္ဂံ​၏ စိတ််မရှည်၊စိတ်ဆတ်တတ်သည့် အကျင့်​ကြောင့် မျက်နှာမှာ အလိုလိုတင်းမာ​နေခဲ့ပြီ။ ဥက္ကာသာ ​သေချာ မမှာလိုက်လျှင် ဥဂ္ဂံအခုလို မြင့်မိုရ်အား လာ​ခေါ်​ပေးမည် မဟုတ်​ပေ။

' ငါ​နေမ​ကောင်းလို့ ​​ကျောင်းပျက်​ပေမယ့် မြင့်မိုရ်ကိုမင်း ကို ဝင်​ခေါ်လိုက်ဦး။ သူ့အိမ်က အမြဲလိုလို လူကြီး မရှိဘူး။ '

သူငယ်ချင်းကို​တော့ အ​တော်​လေး ချစ်ပုံပင်။ ဥဂ္ဂံဘက်မှ ကတိမ​ပေးမချင်း ဥက္ကာက တဖွဖွ မှာ​နေ​​သေး၏။

" ​နောက်ထပ် ငါးမိနစ်ပဲ​စောင့်မယ်။ ထွက်မလာရင် ကိုယ့်ဘာသာပဲ သွားမယ်။ "

ဥက္ကာသာဆို အိမ်ထဲဝင်​စောင့်မည် ဖြစ်​သော်လည်း ဥဂ္ဂံက​တော့ ခြံ​ရှေ့တွင်သာ ​​စောင့်​နေသည်။ အဲဒီဟာ​​လေးနှင့် မျက်နှာ​ကြော သိပ်မတည့်​ပေ။ခဏ​လောက်ကြာ​​တော့ အိမ်ထဲမှ ဆူညံသံကြားရပြီး ဥဂ္ဂံလှမ်းကြည့်လိုက်​တော့ မြင့်မိုရ်က ​ကျောပိုးအိတ် လွယ်ပြီး ထွက်လာသည်။

" နင့်အ​ဖေလာရင် ငါကပဲ မ​ကောင်းသလို တိုင်​ပြောမ​နေနဲ့ဦး။ ငါ့သား၊သမီးနဲ့ငါ​တောင် မအားဘူး။ နင့်ကို အစစအရာရာ လိုက်လုပ်မ​ပေးနိုင်ဘူး။ "

အိမ်တံခါးဝတွင် ရပ်၍ အသက်လတ်ပိုင်း အမျိုးသမီးကြီးက မြင့်မိုရ်ကို ​အော်​ပြော​ပေမယ့် မြင့်မိုရ်က လှည့်​တောင် မကြည့်​ပေ။မြင့်မိုရ်ခြံတံခါး ကိုယ်တိုင်ဖွင့်လိုက်ရင်း ဥဂ္ဂံအား ကြည့်၏။ ဥဂ္ဂံ​၏ မျက်နှာမှာလည်း ခုနကလို တင်းမာမ​နေ​တော့ဘဲ မြင့်မိုရ်အား ကြည့်​နေ၏။

မျက်ရည်ဥ​တွေ ပြည့်​နေ​သော မျက်လုံး​တွေကို အခြားသူ​တွေ မမြင်​စေချင်ဟန် မြင့်မိုရ်က အကြည့်လွှဲလိုက်၏။ ရုတ်တရက် အ​နေအထားတစ်ခုမှာ ဥဂ္ဂံလည်း ဘာလုပ်ရမှန်း မသိ​ပေ။

Youth , Sweet LoveWhere stories live. Discover now