Chapter 1

30 2 0
                                    

ခေါင်းလျှော်ပြီးခါစ မခြောက်တတ်သေးတဲ့ ဆံနွယ်ရှည်ကြီးတွေနဲ့ သူမဟာ မသိလျှင်တော့ ယဥ်လွန်း၊ လှလွန်းသော အမျိုးသမီးတစ်ဦးသာဖြစ်သည်။

ပြန်မတွေးချင်တော့သည့် အတိတ်ကဖြစ်ရပ်တွေနှင့် ယခုထိတိုင် အသားမကျနိုင်သေးတဲ့ ဘဝဖြစ်အင်တွေရယ် ဘဝအမောတွေကို တစ်ခုချင်းဖြည်ချခဲ့ချင်ပြီ ။

အချစ်ခံရတာကို သိပ်သဘောကျခဲ့သလို၊ သူမကိုမှသိပ်ချစ်လွန်း အလိုလိုက်လွန်း၊ သည်းခံပေးလွန်းသော 'ကို' နှင့်လည်း အခုဆို ဝေးနိုင်သမျှဝေးဝေးမှာသာ ရှိနေကြပြီဖြစ်သည်။

'ပျိုမေတို့ ဘယ်နေရာကစ လွဲခဲ့ကြသလဲ ကို'

                           ♠ ♠ ♠ ♣ ♣ ♣

ခြံထဲမောင်းဝင်လာတဲ့ ကားသံကြောင့် အတွေးတို့ဟာတစ်ပိုင်းတစ်စနဲ့ပဲရပ်သွားခဲ့ရသည်။ ကားပေါ်ကဆင်းလာသည့်အမျိုးသားကို ပျိုမေ မျက်စိတစ်ဆုံးငေးကြည့်နေမိသည်။ သူ...။ ထိုသူဟာ ပျိုမေ့အမျိုးသားပါတဲ့။

ကိုယ်နှင့် fit ဖြစ်နေသောရှပ်အင်္ကျီအဖြူကို လက်ခေါက်ထားပြီး အောက်ကတော့ style pant အနက်ရောင်နှင့် တွဲဖက်ဝတ်ဆင်ထားကာ ဘယ်အချိန်ကြည့်ကြည့် ရှင်းသန့်နေသော၊ ရယ်လိုက်လျှင် ညာဖက်ပါးပေါ်ပါးချိုင့်ကလေးနစ်ဝင်သွားသလို သွားတက်လေးပါပေါ်လာတတ်သော ထိုအမျိုးကောင်းသားလေးဟာ။ မဟုတ်ဘူး အမျိုးကောင်းသားဘယ်ဟုတ်ပါ့မလဲ။ သူဟာပျိုမေ့ကို လက်ထပ်ယူလိုက်သည့်အချိန်ကစလို့ အမျိုးကောင်းသားလေးမဟုတ်တော့။ ဒါဆို ပျိုမေ့ကြောင့် သူ့ဘဝပျက်စီးသွားလေသလား။ ဒီလိုလည်းမဟုတ်ပြန်ဘူး၊ ပျိုမေကသာ သူ့ကြောင့် ဘဝတွေ အနာဂတ်တွေပျောက်ခဲ့ရသူရယ်ပါ။

'နေကောင်းရဲ့လား ပျို '

'ဟုတ်ကဲ့...ကောင်းပါတယ်'

'ဟွန်း...'

'​နေကောင်းတယ်ဆိုရင်လည်း လာကြိုလေကွာဝင်လာတည်းကမတွေ့လို့ မောင်ဘယ်လောက်မောသွားရလဲ သိရဲ့လားလူဆိုးလေး မင်းကို မောင်ချစ်တယ်မောင့်ကိုရော ချစ်တယ်လား...ဟင်'

သူမရဲ့ အချစ်Donde viven las historias. Descúbrelo ahora