အပိုင်း ၅၈

Start from the beginning
                                    

ဦးမျိုးဆက်ထင်ဘာတွေအလုပ်ရှုပ်နေမှန်းမသိပေမယ့် အဆင်ပြေလောက်ဖို့သာဆုတောင်းမိ၏။မြို့စွန်ကိုမပြန်ခင်တုန်းကတောင်ဦးမျိုးဆက်ထင်အရမ်းစိတ်ရှုပ်ပြီးစိတ်ညစ်နေရတာမလို့အခုလောက်ဆိုလျှင်တော့သွားတွေ့ဖို့အခြေအနေကောင်းလောက်ပါသည်။အော်ထုတ်ခံရမည်စိုးသော်လည်း ဆက်ဆံရေးကိုတစ်ဆင့်မြှင့်ပြီးကတည်းက ဦးမျိုးဆက်ထင်ဟာခတ္တာအားတစ်ခါမျှပင်လေသံမမာခဲ့ ဒါနှင့်သာ သတ္တိမွေးထားလိုက်၏။

''ကိုအတာ...မနက်အစောကြီးဘာတွေထလုပ်နေတာတုန်း''

ယဥ်ယဥ်ကအိပ်ယာကထလာသည့်ပုံနှင့်သူမဆံပင်တွေအားချည်နှောင်ရင်းမေးလာသည့်မလို့ခတ္တာလန့်သွားရသည်။

''မနေ့ကထုထားတဲ့ဗန်ဒါစေ့လေးတွေလေ လှော်မလို့ဟ''

ယဥ်ယဥ်ဟာ မီးဖိုနံဘေးဝင်ထိုင်၍ ခတ္တာလက်နှစ်ဖက်အား ဆတ်ခနဲယူကိုင်လိုက်သည်။

''ဟယ်တော် ယောင်ကိုင်းနေတာပဲကိုအတာရယ် ဒီလောက်များအပင်ပန်းခံရသလား ဒုက္ခပဲသူဌေးကြီးသိရင်တော့ ဆူပူခံရတော့မယ်''

ခေါင်းကုပ်ရင်းညည်းညူစွာပြောလာသည့်အသံကြောင့် ခတ္တာ ခပ်ကျယ်ကျယ် အော်ရယ်မိသည့်အခါ ခတ္တာလက်မောင်းအား ယဥ်ယဥ်က ခပ်စပ်စပ်ကလေးရိုက်လေသည်။

''နာတယ်ဟ''

''တော် ဒါတွေကျနာရကောင်းမှန်းမသိဘူးပေါ့ ဟုတ်သလား ယဥ်ယဥ်တို့ အလုပ်လုပ်လာတဲ့တစ်လျှောက်လုံးတစ်ခါမှစကား၅ခွန်းပြည့်အောင်မပြောတဲ့သူကလေ ကိုအတာ့ကိုဂရုစိုက်ဖို့ကိုတဖွဖွမှာထားရဲ့မမ​လေးရောပဲ''

''အေးပါဟာ နင်တို့အဆူခံရအောင်မလုပ်ပါဘူး ကတိကတိ ဟဲဟဲ''

ထိုအခါမှယဥ်ယဥ်ကခေါင်းငြိမ့်၍ မတ်တပ်ထရပ်သည်။

''ပြီးတာပဲ...စျေးသွားရမယ် ဟိုကောင်မဟာလည်းလေနေကဖြင့်ထွက်တော့မယ် မထသေးခုထိ''

အိမ်အရှေ့အခန်းမှထလာသည့် အေးမြဟာဆောင့်အောင့်ကာ အိမ်ပေါ်ကဆင်းလာပြီးနောက်။

''ထပြီအေ့ ထပြီ အရီးစုံနဲ့ဆို၄နာရီခွဲဆိုထရတာအေ့ဒီရောက်မှဒီချိန်လောက်ထိအိပ်ရတာကို''

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Where stories live. Discover now