Ep 7 ⭐

634 52 8
                                    

Uni

Disclaimer: ဒီအပိုင်းက
တကယ်အရေးကြီးပါတယ် ရီဒါလေးတို့
လုံးဝ လွတ်လို့ မဖြစ်တဲ့ အပိုင်းပါ ။

End of Flash Back

"ဒီနေ့ ဘာနေ့လဲ သိလား ဦး .....”

"မင်း ရန်ဖြစ်ထားတယ်ဆို !! ဘာတွေပြော--”

စကား မပြီးဆုံးခင်မှာပင် ထယ်ယောင်းမှာ ဂျောင်ဂုအား ပိတ်ထားသော  မျက်လုံးများကို ဖွင့်လိုက်သောအခါ မြင်တွေ့လိုက်ရသော အခြေအနေကို ကြည့်ကာ ဂျောင်ဂု ပြောလက်စ ရပ်တန့်သွားခဲ့သည်။

တစ်ဆိုင်လုံး နှင်းဆီနီများ၊ ဖယောင်းတိုင်များဖြင့် ခမ်းခမ်းနားနား အလှဆင်ထားကာ စားပွဲခုံဝိုင်းလေးတစ်ခုတွင် ရှန်ပိန်နှစ်ခွက်နှင့် အသဲပုံ အမဲသား steakထည့်ထားသော ပန်ကန်ပြားနှစ်ချပ်။

ထို့အပြင် တစ်ဆိုင်လုံး၌ မိမိတို့နှစ်ယောက်တည်းသာ ရှိနေသည့် အခြေအနေ။

"dateလုပ် ရအောင် Mr. Jeon ....”

ကြားလိုက်ရသော ကင်မ်ထယ်ယောင်း၏ စကားအပြီး ဂျောင်ဂုမှာ ထိတ်လန့်တကြား အသက်ရှူပင် ရပ်တန့်သွားသည်အထိ။

"မင်း ဘာ-ဘာတွေ ပြောနေတာလဲ  ”

"ဦး ... ကျနော့်ကို ချစ်လား  ”

စိတ်လှုပ်ရှားမှုများ ကြောင့် ဂျောင်ဂု မျက်ဝန်းထဲမှာ မျက်ဆံကလေး လှုပ်လှုပ်ရှားရှား ဖြစ်ကုန်သည်။

အမေးတစ်ခြား အဖြေတစ်ခြား ဖြေလိုက်သော ကင်မ်ထယ်ယောင်းကြောင့် ဂျောင်ဂု ပြောလက်စ စကားများ လည်ချောင်းဝတွင် တစ်ဆို့သွားခဲ့သည်။

ရိုးရှင်းသော အမေးတစ်ခု ဖြစ်သော်လည်း
တိကျစွာ ဖြေကြားမည့် အဖြေဟူသည်
ဂျောင်ဂု ဦးနှောက်ထဲတွင် ဗလာနတ္တိ။

ချစ်လား ဆိုသော မေးခွန်းအပြီး
ဂျောင်ဂု၏ ကိုယ်အတွင်းတွင်
နှလုံးသားနှင့် ဦးနှောက်တို့မှာ စတင် စစ်ချီကာ ပြင်းထန်သော တိုက်ပွဲတစ်ခုဆီီသို့ ဦးတည်စေ၏။

ချစ်လား ဆိုရင် မချစ်သင့်ဘူးဟူသော
တုံ့ပြန်မှုတစ်ခုသာ ခေါင်းထဲက အချက်ပြပေးနေသော်လည်း နှလုံးသားကမူ
ထိုတုံ့ပြန်မှုအား အလိုမကျသောကြောင့်   မြင်းရိုင်းတစ်ကောင်ပမာ ဒုန်းစိုင်း ခုန်ပေါက်လို့နေသည်။

My Mr.Jeon Where stories live. Discover now