Part 16 (Uni)

156 27 8
                                    

Jisung နိုးလာမိချိန်တွင် အပျင်းကြောတစ်ချက် ဆန့်လိုက်ပြီးနောက် ဘေးမှဖုန်းအားယူကာ နာရီကြည့်လိုက်တော့ နံနက် ၇နာရီ အတိ။  ညကမိုးရေမိထားတဲ့ အရှိန်ကြောင့်ရော၊ သန့်ရှင်းရေး လုပ်ထားရသဖြင့် ပင်ပန်းတာရောပေါင်းကာ ကောင်းကောင်းအိပ်ပျော်ခဲ့ဟန်တူသည်။ အချိန်အကြာကြီး မအိပ်လိုက်သော်ငြား ခေါင်းထဲငြီးစီစီ ဖြစ်မနေ။

မိုးရေမိရခြင်းရဲ့ တရားခံအား သတိရမိလေတော့ Jisung လှည့်ပြန်သွားသည်အထိ မိုးရေထဲတွင် ထီးမဆောင်းပဲ ကျန်နေခဲ့ခြင်းကို သတိထောက်မိသည်။ ရာသီဥတု အေးလာလျှင်ပင် နှာခေါင်းထိပ်များရဲကာ နှာတရှုံ့ရှုံ့ ဖြစ်တတ်သူမို့ အချိန်အတော်ကြာ မိုးရွာထဲရပ်နေခြင်းဟာ ထိုလူ့ကိုယ်ခန္ဓာအား တစ်ခုခုတော့ ထိခိုက်စေနိုင်သည်ဖြစ်တာမို့..

"အာ...ဘာအရေးလဲ သူကတစ်ကောင်ကြွက်မှ မဟုတ်တာ။ သူ့မှာ ဂရုစိုက်ပေးမယ့် ရည်းစားလဲရှိ..."

ပူပန်နေမိတဲ့ စိတ်အစုံအား သက်သာရစေရန် လိုသလို ဖြည့်တွေးမိကာမှ အရင်နေ့က ကျောင်းထဲတွင် တီးတိုးပြောနေသံများအား Jisung ပြန်ကြားယောင်လာမိသည်။

Queen Minjeong နဲ့ Lee လုပ်ငန်းစု သူဌေး လမ်းခွဲလိုက်ကြပြီ ဟူသော သတင်းက ကျောင်းတွင် တကြိတ်ကြိတ်​ဖြင့် နာမည်ကြီးသည်။ Jisung အား ရည်ရွယ်၍ ပြောနေကြခြင်း မဟုတ်သော်ငြား အချို့သောသူများကတော့ Jisung ပယောဂ အနည်းငယ်မျှတော့ ပါဝင်လိမ့်မည်ဟု မှန်းဆကြလိမ့်မည်။

လမ်းခွဲကြသည်ဖြစ်စေ၊ လမ်းမခွဲသည်ဖြစ်စေ Jisung နှင့် သက်ဆိုင်သည် မဟုတ်သည်မို့ ခေါင်းကိုခါရမ်းကာ တောင်စဥ်ရေမရအတွေးများကို Jisung ထုတ်ပြစ်လိုက်သည်။
.
.
.
.
မီးဖိုချောင်ထဲ အေပရွန်ကြီးဝတ်ကာ တကုပ်ကုပ်နဲ့ အလုပ်ရှုပ်နေတဲ့ သူငယ်ချင်းဖြစ်သူ Seungmin အားကြည့်ရင်း ပြီးခဲ့တဲ့အပတ်က Hyunjin သူ့အားဖွင့်ပြောလာတဲ့ စကားများအား အမှတ်ရလာမိသဖြင့်..

"Seungmin ah"

အပြုံးခပ်ပါးပါးဖြင့် လှည့်ကြည့်လာပြီးနောက် ဘေးမှကြက်သွန်နီဥကြီး တစ်လုံးကိုဆွဲယူလျှက်..

"မင်းနိုးလာပြီလား ငါမင်းအတွက် ရေဘဝဲဟင်းချက်ကျွေးမလို့"

Return !Minsung!Where stories live. Discover now