1 (uni)

752 72 1
                                    

'တူ တူ တူ'

'လူကြီးမင်းခေါ်ဆိုသော..'

ဖုန်းဝင်သွားပေမဲ့မကိုင်တဲ့ Hyung ကြောင့်ပြန်ချလိုက်ကာအရှေ့မှစားပွဲပေါ်တင်ထားလိုက်သည်။နာရီကိုကြည့်လိုက်တော့၁၀နာရီခွဲနေပြီမို့ Hyun ကိုစိတ်တော့အနည်းငယ်ပူမိသည်။Anni day မို့မနက်
ကထဲကဖုန်းဆက်ထားကာကိုယ့်တိုက်ခန်းမှာပဲ date ဖို့ချိန်းထားလိုက်တာမို့ပြင်ဆင်စရာရှိတာပြင်ဆင်ကာ Hyung ကိုထိုင်စောင့်နေခြင်းဖြစ်သည်။

ကြမ်းပြင်ပေါ်မှာထိုင်နေရင်းအရှေ့မှသူကိုယ်တိုင်လုပ်ထားတဲ့ကိတ်မုန့်ကိုကြည့်ကာသဘောတကျပြုံးလိုက်ရင်း

"အင်း အမြင်ကမလှပေမဲ့အရသာတော့ရှိမှာပါ"

သူက cheese အရသာကိုကြိုက်ပေမဲ့ Hyung ကြိုက်တဲ့ chocolate favour ကိုပဲသုံးဖြစ်သည်။Cake decoration ကိုသေချာလေးလုပ်ချင်ပေမဲ့ကိတ်မုန့်ပုံလေးထွက်အောင်ကိုပဲမနဲလုပ်ထားခဲ့ရတာမို့ကိတ်ပေါ်မှာ 'Happy 2year Anni' လို့ပဲရိုးရိုးရှင်းရှင်းရေးထားလိုက်သည်။ဘေးကိုလှည့်ကြည့်လိုက်တော့နံရံတွေပေါ်မှာကပ်ထားတဲ့သူနဲ့ Hyung ရဲ့ Memories photo လေးတွေ။

Photos တွေတော်တော်များများကသူ့ဘက်ကပဲ Hyung ကိုခိုးရိုက်ထားတဲ့ပုံတွေဖြစ်တာမို့နှစ်ယောက်တွဲပုံတွေတော့များများစားစားမရှိခဲ့ပါ။အခန်းကိုမီးမှိတ်ထားကာရောင်စုံမီးကြိုးလေးတွေကိုနံရံမှာသွယ်ထားတာမို့အနည်းငယ်တော့ romantic ဆန်တယ်ပြောရမည်။ကိတ်မုန့်ပေါ်ဖြာကျနေတဲ့ရောင်စုံမီးလေးတွေ၊အပါ်နံရံထိတက်ချိတ်ထားခဲ့ရတဲ့ပူပေါင်းလေးတွေ၊
ဒါတွေအကုန်သူသေချာကြိုးစားလုပ်ထားခဲ့ရတာမို့
Hyung သဘောကျစေဖို့မျှော်လင့်ပါသည်။

First anni တုန်းက Hyung ရောက်မလာခဲ့တာမို့
ဒီနေ့ကိုတော့လာခဲ့မယ်ဟု Hyung ကကတိပေးထားခဲ့တာကြောင့်ဖုန်းကိုနောက်တစ်ခါယူကာ Hyung ဆီထပ်ဆက်ကြည့်မိသည်။

'တူ တူ တူ'

"Hello hyung"

"Hello"

ဖုန်းကိုင်လိုက်တာမို့ဝမ်းသာအားရပြောမယ်လုပ်ကာမှထွက်လာတဲ့မိန်းကလေးအသံကြောင့်ဖုန်းကိုင်ထားလျှက်ကြောင်နေမိသည်။

Return !Minsung!Where stories live. Discover now