Part 15 (uni)

310 31 8
                                    

မှိုင်းညို့နေသော်လည်း ခပ်ဖွဲဖွဲသာကျနေတဲ့ မိုးရေပေါက်များဟာ အခုချိန်မှာတော့ Jisung ရဲ့စိတ်အစဉ်လို သည်းထန်စွာ ကြမ်းတမ်းနေလေပြီ။ ကားမှန်ပေါ် အရှိန်ပြင်းစွာ ရိုက်ခတ်ကျဆင်းသံများက ယခုအခြေအနေကို ပိုဆိုးရွားစေရန် ကြံဆောင်နေသယောင်။

"ခင်ဗျား ရူးနေပြီလား"

"ဟုတ်တယ်ငါရူးနေပြီ"

မျက်တောင်တစ်ချက်မျှမခတ်ပါပဲ ချက်ချင်းအဖြေပေးလာသည့်သူသည် အမှားလုပ်ထားခြင်းမရှိသလို ပုံဆောင်နေလျှက်။ Jisung အခုချိန်မှာ တုန်လှုပ်မိသည်ဆိုခြင်းထက် ဒေါသများသာ တရိပ်ရိပ်ထွက်လာရခြင်းမှာ ဒီ Hyung သူ့ကိုဘယ်လိုများသဘောထားနေသလဲ ဆိုသည့်အတွေးက ခေါင်းထဲဝင်လာခြင်းကြောင့်။

နှလုံးသားတစ်ခုလုံး လိုလိုလားလား ပေးအပ်ခဲ့တုန်းက တန်ဖိုးထားဖို့နေနေသာသာ ရှိတယ်လို့တောင် မသတ်မှတ်ခဲ့သူသည် ယခုမှအသည်းအသန်ပြန်ရယူဖို့ လုပ်နေခြင်းဟာ ဘယ်နည်းစနစ်အသစ်ကို စမ်းသပ်ချင်နေမှန်း Jisung မခန့်မှန်းတတ်တော့ပေ။

"ကားကိုရပ်ပေး"

ဆွဲကိုင်ခံထားရတဲ့လက်ကိုရုန်းလိုက်ကာ တည်ငြိမ်စွာနှင့်ပင် ပြောလိုက်သည်။ သို့သော်ငြားလည်း Jisung အနည်းငယ်တော့ လန့်နေမိသည်။

မျက်နှာပျက်သွားပေမဲ့ နားထောင်ခြင်းအလျင်းမရှိ။ ကားစတီယာရင်ကိုသာ လက်အကြောများထင်းနေအောင် တင်းကျပ်စွာဆုပ်ကိုင်ထားသူဟာ အံကိုလဲတင်းတင်းကြိတ်ထားသေးသည်။

"ကျွန်တော်ခင်ဗျားကိုမုန်းတာထက်ပိုပြီး ရွံမိအောင်လုပ်မှဖြစ်မှာလား"

"ခင်ဗျားခေါ်သွားမယ့် နေရာကိုရောက်တာနဲ့ ကျွန်တော်တစ်နည်းနည်းနဲ့သေပြစ်မှာ မယုံမရှိနဲ့"

လှည့်ကြည့်လာတဲ့ ထိုမျက်ဝန်းတွေမှာ မယုံကြည်နိုင်မှုတွေအပြည့်။ ကားကိုအရှိန်ပြင်းပြင်း မောင်းနေရာမှ ရုတ်တရက် လမ်းဘေးထိုးရပ်လိုက်မှုကြောင့် နှစ်ယောက်လုံးအရှေ့သို့အရှိန်လွန် တိမ်းညွတ်သွားရသည်။

ကားနောက်မှီနဲ့ ကျောပြင်ပြန်လည်ထိစပ်သွားတဲ့အခါမှာတော့ ထိတ်လန့်သွားတဲ့ရင်အစုံကြောင့် မျက်လုံးစုံမှိတ်ကာ လေကိုများများရှုသွင်းရသည်။ ဘေးဘက်ကိုလှည့်ကြည့်မိတော့ ကားစတီယာရင်ပေါ် မျက်နှာအပ်ထားကာ ပြန်မော့မလာတဲ့သူကြောင့် စိတ်ထဲထင့်ခနဲ့ဖြစ်သွားပေမဲ့...

Return !Minsung!Where stories live. Discover now