လက်ထဲမှရုပ်ရှင်လတ်မှတ်နှစ်စောင်ကိုကိုင်ရင်း Jisung စဉ်းစားခန်းဖွင့်မိနေသည်မှာ အတော်အတန်မျှကြာပြီ။ ခေါက်ဆွဲဆိုင်မှာ spicy noodle challange စားပြရင်း အနိုင်ရသဖြင့် ရလာတဲ့ဆုက ခေါက်ဆွဲ free စားနိုင်မယ့် coupon လတ်မှတ်ဟုထင်ခဲ့ပေမဲ့ မှန်းထားချက်နဲ့လွဲချော်စွာ ရှပ်ရှင်လတ်မှတ်ဖြစ်နေခဲ့ခြင်း။
ရုပ်ရှင်ကြည့်ရတာဝါသနာပါပေမဲ့ ရုပ်ရှင်ရုံလို လူရှပ်တဲ့နေရာသွားရခြင်းမကြိုက်တဲ့ Jisung အဖို့ နှာခေါင်းထိပ်တွေပါရဲတဲ့အထိ ယှဉ်ပြိုင်ခဲ့ရခြင်းဟာ အလကားဟပ်သက် ကြိုးစားမိသလိုဖြစ်ခဲ့ရသည်။
"ဘာတွေတွေးနေတာလဲ Jisungie"
အိပ်ချင်မူးတူးနဲ့ အတန်းထဲဝင်လာတဲ့ Lix ဟာ လွယ်အိတ်ကို ခုံပေါ်နေရာချရင်း Jisung ကိုမေးခွန်းပြုသည်။ Seungminnie ဟာ သူ့ရဲ့ music club အတွက်အလုပ်ရှုပ်နေသလို၊ Hyunjinnie ကလည်း သူ့အိမ်ကိစ္စအချို့ကြောင့် ကျောင်းမလာနိုင်တာမို့ Jisung တစ်ယောက်ထဲသာထိုင်နေရခြင်း။
"ဒီမှာလေ ရုပ်ရှင်လတ်မှတ် ၂စောင် အလကားရလာလို့ Lix"
"ဟုတ်လား မိုက်တာပေါ့ ဘာကားလဲ"
ဝင်းလက်သွားတဲ့ မျက်ဝန်းလေးတွေနဲ့ Jisung ခုံမှာအတင်းတိုးကပ်ထိုင်တော့သည်။
"ဘာကားလဲတောင် သေချာမကြည့်ရသေးပါဘူး... ၂စောင်ဆိုတော့ ဘယ်သူနဲ့သွားရမလဲမသိလို့ အရင်စဉ်းစားနေတာ"
စကားအဆုံးမှာတော့ Lix ဟာ တမဟုတ်ချင်း Jisung လက်မောင်းတစ်ဖက်ကိုဖက်တွယ်လာရင်း ခေါင်းလေးမှီလာကာဖြင့်...
"ငါ့ကိုခေါ်လေ Jisungie နော်။ ငါရုပ်ရှင်မကြည့်ဖြစ်တာကြာပြီ။"
ခေါင်းဝါလေးဖြင့် ကြက်ပေါက်လေးတစ်ကောင်လို ချစ်ဖို့ကောင်းနေတဲ့ Lix ကြောင့် Jisung မပြုံးမိပဲမနေနိုင်။ Changbin hyung ဘာကြောင့် Lix ကိုသဲသဲလှုပ်နေရသလဲဆိုတာ ပြေး၍အဖြေရှာကြည့်စရာပင်မလိုတော့။
"လိုက်ခဲ့လေ Lix ။ ငါတို့တူတူသွားကြတာပေါ့"
"ဟီဟိ အဲ့တာကြောင့် Jisungie ကိုအချစ်ဆုံးပါဆို"
ခွင့်ပြုပေးလိုက်တော့ Jisung ရဲ့ပါးတစ်ဖက်ကို ဖိကပ်နမ်းရင်း ချုပ်ဆေးတွေလွှတ်လေတော့သည်။
YOU ARE READING
Return !Minsung!
Fanfiction"ကျွန်တော့်ဘက်ကစခဲ့တာမို့လို့ ကျွန်တော်ပဲပြန်အဆုံးသတ်ပေးမယ်" "မင်းကိုနောင်တမရဖို့ပြောခဲ့ပေမယ့် ငါကပဲမင်းရှေ့မှာအပြိုပြိုအလဲလဲ"