ဆက်ထင်လက်ကာရမ်းပြလိုက်သည်။

''လောကနိဗ္ဗာန်''ဆို၍အမည်ပေးထားသည့်အရာဟာအခြားတော့မဟုတ် ကုန်သည်များ သူဌေးများ အရာရှိများအတွက် အပျော်တော်ဆက်ပေးရသည့် အဆင့်မြင့်ပြည့်တန်ဆာများဖြစ်သည်။ လှပကျော့ရှင်းသည့်ရုပ်ရည်မျိုးရှိပြီးအဖော်အချွတ်ဝတ်ကောင်းစားလှများနှင့်ယောကျာ်းသားတစ်ယောက်ရဲ့စိတ်ကို ပုံစံအမျိုးမျိုးနှင့်မြူသည့်မိန်းက​လေးများကြား ထိုလူတွေဟာပျော်မွေ့တတ်ကြ၏။

နေရာဟာလည်း သာမာန်ဆိုင်တစ်ဆိုင်တော့မဟုတ်ပါပဲအထက်တန်းလွှာများသာလာကြ၍လိုချင်တာမှန်သမျှအကုန်ရသည့်နေရာဖြစ်သည်။လုပ်ငန်း စီးပွားရေးအတွက်ဆွေးနွေးဖို့ရာ ကုန်သည်များနှင့်တွေ့ဆုံရန်အချိန်းအချက်လုပ်ထားသည့်နေရာဟာဒီလို​နေရာဖြစ်နေသောကြောင့် မလာချင်သော်လည်း ဒီလူတွေဟာအလုပ်ဆွေးနွေးဖို့ရာ ဒီလိုနေရာများတွင်သာစုဝေးတတ်ကြသည်။

''နေပါစေ''

''ဟေ့လူတွေ ကိုဆက်ထင်ကဒီလိုလူမျိုးမဟုတ်ဘူးခဗျားတို့ဘာသာပျော်ကြစမ်းပါလေ''

အေးကိုပြောလိုက်သည့်စကားကြောင့်ထိုလူတွေဟာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းရယ်ကြသည်။

''ယောကျာ်းသားပဲခဗျာ တစ်ခါတစ်ရံပျော်ပါးတာလောက်တော့လုပ်သင့်ပါရဲ့ဘယ်လိုများနေနိုင်တာတုန်း''

ဆက်ထင်မျက်ခုံးစပ်ကိုနာနာဖိရင်းသက်ပြင်းချလိုက်သည်။ခုံတန်းရှည်တွင်ထိုင်နေကြသည့်သူများအားလုံးနီးပါးဟာအိမ်ထောင်သည်များဖြစ်ကြသော်လည်း လူပေါင်းစုံနှင့်ထိတွေ့ပြောဆိုဆက်ဆံနေရသည့်လုပ်ငန်းရှင်များမလို့မိန်းမကိစ္စများရှိတာဟာဓမ္မတာလိုဖြစ်ခြင်းကြောင့်အပြစ်တင်လိုစိတ်မရှိ။ဇနီးမယားနှင့်ရောင့်ရဲခြင်းမရှိဘဲလိုသည့်အတိုင်းအတာထပ်ကျော်လွန်၍ ကာမဂုဏ် လိုက်စားခြင်း မိန်းမလိုက်စားခြင်းတို့တွင်  သိက္ခာညိုးနွမ်း၍အမြင်မတော်စရာဖြစ်သလို ပျက်စီးအတွက်လမ်းစများဖြစ်နေ၏။

''ယောကျာ်းကောင်းမောင်းမတထောင်ဆိုပြီးဆိုရိုးရှိပေမယ့် ယောကျာ်းတစ်ယောက်မယ် ကိုယ်ကျင့်တရားနဲ့အကျင့်စာရိတ္တဟာအလိုအပ်ဆုံးပဲအထူးသဖြင့်စောင့်ထိန်းအပ်တဲ့ကျင့်ဝတ်တွေနှုတ်စည်းကိုယ်စည်းထားသင့်ရဲ့ ကာမုမ္မတ္တက မဖြစ်အောင်ပေါ့''

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed जहाँ कहानियाँ रहती हैं। अभी खोजें