266

77 14 0
                                    

၂၆၆။ ဆိုလာစွမ်းအင်

လင်းမိသားစုမဟုတ်သည့် လီကျန်းတို့သည် စတော်ဘယ်ရီသီးများကို မထိဘဲ အံ့သြစွာ ကြည့်နေသည်။ စိတ်အေးနေပြီဖြစ်သည့် ဖန်ယုမင်းသည် ၁၀မီတာအကွာက ရေပုံးကြီးနှစ်ခုကို မြင်သွားကာ စပ်စုစွာဖြင့် လက်ညိုးထိုးပြရင်းမေးသည်။

ဟမ်? ရေပုံးထဲမှာ လူရှိနေတာလား? လူနှစ်ယောက်ထိုင်နေသလိုပဲ။ ဘာလုပ်နေကြတာလဲ?

ဪ ဒါလူတွေ မဟုတ်ဘူး။ ဇွန်ဘီတွေ။ ငါတို့အဲ့နေရာနဲ့ ဝေးဝေးနေသင့်တယ် ထင်တယ်

လင်းဝမ်ဝမ်က ပြောသည်။

ဇွန်. . .ဇွန်ဘီတွေ? နောက်ထပ်ဇွန်ဘီတွေ ရှိနေသေးတာလား?

ဖန်ယုမင်းသည် ကြောက်လန့်စွာဖြင့် မေးသည်။

လင်းဖန်က ခေါင်းငြိမ့်ကာ

ကတုံးနဲ့အမျိုးသမီး တစ်ယောက်တည်းကပဲ ဇွန်ဘီထင်နေတာလား? သူက ဇွန်ဘီအဖွဲ့ရဲ့ခေါင်းဆောင်

လီကျန်းသည် နားမလည်ဖြစ်သွားကာ

ခနလေး! ကပ္ပတိန်ကြီး ဇွန်ဘီအဖွဲ့က ဘာကြီးလဲ?

လင်းဖန်က ပြုံးကာ

ဘာဖြစ်လို့ ငါတို့ဒီနေရာမှာ လုံလုံခြုံခြုံနဲ့ နေတယ်လို့ ထင်လဲ? ဒါတွေအကုန်လုံးက ငါတို့မှာ ထူးခြားတဲ့ မဟာမိတ်ရှိနေလို့ပဲ

ဪ~ဒါနဲ့ယန်ကျင်းဟွာဆီက ဘယ်လိုလွတ်လာသလဲ သိချင်သေးတယ်

လီကျန်းက ထပ်မေးသည်။

လင်းဖန်သည် သူတို့အား ဘာဖြစ်ခဲ့သလဲကို ပြောပြပြီးနောက်

အခုငါတို့က ဒီမှာခနနေရင်း ယွမ်ထန်ရှင်းတို့ကို စောင့်နေတာ။ ယန်ကျင်းဟွာက ထပ်ပြန်ပေါ်လာမယ်လို့ ထင်မထားမိဘူး။ သူက ဉာဏ်များတယ်။ ချူးလီလီမရှိတော့ အသေဝင်တိုက်ရအောင်လို့ အဝေးကနေ ငါတို့ကို စောင့်ကြည့်နေတာပဲ

အပြင်တွင် လင်းချင်းသည် ယန်ကျင်းဟွာတို့လူများက ဆိုလာစက်များကို ဖြုတ်နေသည်ကို ကြည့်နေသည်။ ဆိုလာပြား၊ ဘက်ထရီ၊ ထိန်းချုပ်စက်၊ တစ်ဆင့်ခံစက်နှင့် အခြားအပိုင်းများကို ဘေးတွင်ချထားကာ အောက်ထပ်သို့ သယ်ဖို့စောင့်နေကြသည်။ ထိုလူများက သယ်ဖို့ပြင်တော့မှ လင်းချင်းက လှုပ်ရှားသည်။

၂။ ဗျူဟာခင်းတဲ့ အစ်မကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now