ဝူချန်းယွဲ့သည် သူမက သူ့ကိုစိတ်သက်သာအောင် ပြောပေးနေကာ လင်းလင်း၏ အခုခြေအနေသည် မဆိုးတော့တာကို သိသည်။ သူမ၏အစွမ်းများ စနိုးလာသည်က ကြာပြီဖြစ်သော်လည်း ဒီမှော်ဆန်သည့်တားခြင်းသာ မဖြစ်နေပါက ကိုမာဖြစ်သွားမှာ ဖြစ်ပြီး ဘယ်အချိန်မှ နိုးလာမလဲ ဆိုသည်ကို ဘယ်သူကမှ သိမှာမဟုတ်ပေ။

အခုတော့ ဝူချန်းယွဲ့သည် အရမ်းကြောက်နေသည်။ လင်းလင်း၏ အခြေအနေသည် ထပ်ပြောင်းသွားမှာကို သူစိုးရိမ်နေတာ ဖြစ်သည်။ အထဲကစွမ်းအားများကသာ သူမ၏အစွမ်းကို နှိုးဆပေးနေပါက သူမတွင် ရှင်သန်ဖို့ အခွင့်အရေးမရှိနိုင်ပေ။

ဝူချန်းယွဲ့သည် ကုတင်ဘေးကခုံတွင်ထိုင်ရင်း လင်းလင်း၏လက်ကိုကိုင်ကာ နောက်တစ်ဖက်က သူမ၏ဆံမြိတ်လေးကို သပ်ပေးနေသည်။

လင်းလင်း ဖေဖေ့ကိုကြည့်။ ဗိုက်ဆာနေပြီလား? ဘာစားချင်လဲ?

လင်းလင်းကို နိုးကြားနေစေရန် စကားပြောသည်။

ကလေးမလေးသည် သူ့ကိုတစ်ချက်ကြည့်သော်လည်း ခေါင်းငြိမ့် ခေါင်းခါလုပ်မပြဘဲ နားမလည်သို ဖြစ်နေသည်။ ထို့နောက် မျက်နှာကျက်ကို အကြည့်များရောက်သွားကာ မျက်လုံးများက တည်ငြိမ်စွာ ကြည့်နေခြင်း မရှိတော့ပေ။

ဝူချန်းယွဲ့သည် စားပွဲပေါ်တွင် ဝူယွဲ့လင်းတင်ထားသည့် မြက်ပုစဉ်းကို သတိရသွား၍ သွားယူလာသည်။

လင်းလင်း ဒီကိုကြည့် သမီးကြိုက်တဲ့ ပုစဉ်းလေး။ သမီးမယူ၇င် ဖေဖေက ဖွက်ထားတော့မှာ

မြက်ပုစဉ်းရုပ်ကို သူမ၏မျက်လုံးရှေ့တွင်ထားကာ စနောက်သည့်အသံဖြင့် ပြောသည်။

လင်းလင်းက မတုံ့ပြန်ဘူးဟု သူထင်သော်လည်း အံ့သြစရာဖြစ်သွားသည်။ ကလေးမလေးသည် မျက်နှာကျက်ကို မကြည့်တော့ဘဲ အရုပ်ကိုကြည့်လာသည်။ ထိုအခါ ဝူချန်းယွဲ့သည် သူမကိုအံ့သြစွာကြည့်ကာ ပြောသည်။

လင်းလင်း ဒါကိုမှတ်မိလား?

လင်းလင်းသည် မြက်ပုစဉ်းကိုကြည့်နေကာ ဘာမှမဖြေပေ။ ဝူချန်းယွဲ့သည် မြက်ပုစဉ်းကို ရွေ့လိုက်သည့်အခါ လင်းလင်း၏ မျက်လုံးများက အရုပ်ကိုလိုက်ကြည့်သည်။

၂။ ဗျူဟာခင်းတဲ့ အစ်မကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now