Ep 6

552 46 9
                                    

🔙 Mr.Jeon နဲ့ Kim Taehyung တို့ ၏
တွေ့ဆုံခဲ့ရာ နေရာ^^

Diary စာအုပ်လေးရဲ့ စာရွက်လေးတစ်ရွက်၌ ရေးထားသည်က

"အမှောင်ထဲမှာ လမ်းပျောက်နေတဲ့အချိိန်
မမျှော်လင့်ဘဲ ​ရောက်လာတဲ့
အလင်းတန်းငယ်တစ်ခု

ကွယ်ပျောက်မသွားဘဲ
အမြဲတစေ တစ် ဘ ဝ လုံး စာ
ကျနော့် ကမ္ဘာ၌ ထိန်လင်းပါစေသား

အလင်းတန်းငယ် မရှိတော့တဲ့ တစ်နေ့
နှလုံးသား တစ် စ စီ ကြေ မွယ့် နေ့
ရှင်လျက်နဲ့ သေလူ ဖြစ်ယ့် နေ့ ဆိုတာ

ကျနော့်ရဲ့ အလင်းတန်းငယ်

ကျနော့်ရဲ့ Mr.Jeon

သိပါစေ"

Flash Back <<<<<

လေများသည် ဂျွန်ဂျောင်ဂု ၏ ဆံနွယ်လေးများ တလူလူ လှုပ်ခတ်စေရန် ကျီစားလေသည်။

ဟန်မြစ်ရေများသည် ဂျွန်ဂျောင်ဂု ၏ ရင်ထဲ၌ ခံစားနေရသည့် အတိုင်း လှိုင်းများဖြင့် ဂယက်ထလို့ နေသည်။

လေတစ်ဝှေ့တွင် ကျောပြင် ခိုက်ခိုက် တုန်လှအောင် အေးစိမ့်လှသော ညလေးတစ်ည။

ညကောင်းကင်ယံကို မော့ကြည့်မိလိုက်တော့
လမင်းကြီးနှင့် ကြယ်ကလေးတွေ မတွေ့ဘဲ တိမ်မည်းကြီးများဖြင့် ဟိုတစ်ကွက် သည်တစ်ကွက်ဖြင့် တန်ဆာဆင်ထားသော မဟူရောင် ညကောင်းကင်။

ကျစ်....ဒီတစ်ခေါက်က အရှုံးပေါ်တာပဲ !

စျေးကွက်တွင် မိမိတို့ companyက productတစ်ခုက error ပါသွားသောကြောင့် ထင်သလောက် ရောင်းအား မကောင်းသည့်အပြင် ဝယ်သူများဆီမှလည်း ဝေဖန် ရှုံ့ချမှုများ ခံခဲ့ရကာ အရှုံးများစွာ ပေါ်ခဲ့သည်။

အစည်းအဝေးတွင်လည်း မိမိအား စိတ်ပျက်နေကြသော ရှယ်ယာရှင်များကို မြင်ယောင်မိရင်း ဟင်းခနဲ သက်ပြင်းချလိုက်ကာ မျက်လုံးများစုံမှိတ်လိုက်ရင်း မျက်နှာပေါ် တဟူးဟူး တိုက်ခတ်နေသော လေစိမ်းများကို
စိတ်ရှုပ်ထွေးမှုများ ပပျောက်စေရန်အလို့ငှာ ခံစားနေမိသည်။

My Mr.Jeon Where stories live. Discover now