Chapter 21+22

178 14 0
                                    



Chapter - 21 : ဘယ်လို​တွေ ဒုက္ခ​ရောက်ခဲ့တာလဲFebruary 05, 2024


"အဖွား" ​

မောင်နှမ နှစ်​ယောက် အထဲဝင်လာပြီး အဖွားကို နှုတ်ဆက်ကြတယ်။

"ထိုင်ကြ​တော့ "

သခင်မကြီးက မျက်စိလည်​နေ​ပေမယ့် သူမရဲ့မျက်နှာမှာ​တော့ ဘယ်လိုအရိပ်အ​ယောင်မှ ​ပေါ်မ​နေဘူး။​မောင်နှမနှစ်​ယောက်က လုဟန်ထျန်းကို နှုတ်ဆက်ပြီး​ ထိုင်ခုံမှာ အသီးသီးထိုင်ကြတယ်။မြို့စား​ဟောင်းကြီးက သူ့ဘဝတစ်​လျှောက်လုံးမှာ မြို့စားက​တော်​ဟောင်းကြီး တစ်​ယောက်တည်းကိုသာ လက်ထပ်ခဲ့ပြီး သား​တော်မှာ လုဟန်ထျန်း တစ်​ယောက်သာရှိတယ်။လုဟန်ထျန်းက သခင်မလင်း ဆုံးပါးပြီး​နောက် သခင်မကျန်းကို လက်ထပ်လိုက်​ပေမယ့် သူ့မှာလည်း သားသမီးများများစားစားမရှိ​လေ။သားဖြစ်သူ လုထင်ချန်နဲ့ သမီးနှစ်​ယောက်ဖြစ်တဲ့ လုယွင်ရှန်နဲ့ လုလျန့်​ဝေ တို့သာရှိတာ​ကြောင့် အ​ခြေခံအားဖြင့် လုမျိုးရိုးမှာ ရိုးရှင်း​လေသည်။ဒီညမှာ တစ်မိသားစုလုံးက ညစာအတွက် ခန်းမကျယ်ကြီးမှာ စု​ဝေး​နေကြ​ပေမယ့် ​လေထုက​တော့ မြူးမြူကြွကြွမရှိဘဲ ​ခြောက်သွေ့​နေ​လေတယ်။ သခင်မကြီးက​တော့ ​တွေးဆဆဖြစ်​နေတယ်။ လူ​တွေက အသက်ကြီးရင့်ကျက်လာရင် သူတို့နားမှာ သားသမီး​မြေးမြစ််​တွေရှိမှ ​နေထိုင်​ပျော်တယ်။သခင်မကြီးလည်း အဲ့လို​ပေါ့။ ဒီ​တော့ ဒီညစာစား​နေစဥ်မှာ လုထင်ချန်အတွက် လက်ထပ်ဖို့ကိစ္စကို စကားစရပြီ။

လုဟန်ထျန်းဘာမှမ​ပြောခင် လုထင်ချန်က မျက်နှာရှစ်​ခေါက်ချိုးနဲ့​ပြောရပြီ။

"အဖွား ကျွန်​​တော် လက်ထပ်ဖို့ကိစ္စိမ​တွေး​သေးဘူး။ဒီကိစ္စကို ​​နောက်နှစ်အနည်းငယ်​လောက်မှ ​ဆွေး​နွေးရ​အောင်လား"

ဒါကိုကြား​တော့ သခင်မကြီး စိုးရိမ်ပြီး။

"မင်းအသက်က ဒီနှစ်ပဲ ၁၉နှစ်ရှိ​နေပြီ။​နောက်နှစ်ဆို အသက်၂၀ သူများ​တွေ ဒီအရွယ်မှာအ​ဖေ​တွေ​တောင် ဖြစ်​နေပြီ။နင်ကအခုထိ လက်ထပ်ဖို့ငြင်း​နေတုန်းလား"

ဦးရီးတော်ဧကရာဇ်ရဲ့ အသည်းအသက်လေး အဖြစ် ကူးပြောင်းလာတယ်Where stories live. Discover now