Chapter 5 + Chapter 6

173 14 0
                                    



Chapter-5 : အစ်ကိုရဲ့ ခန့်ညား နေမှုကို တကယ်သည်းမခံနိုင် တော့ဘူး။


လုလျန့် ဝေက လက်သီးဆုပ်လိုက်မိတယ်။ အနာဂတ်နဲ့ပက်သက်ပြီး သူမ တစ်ခုခုကို လုပ်သင့်တယ်။ လုထင်ချန်က လုလျန့် ဝေ ရောက် နေတာကို သတိထားမိတာကြောင့် သူ ခဏ လောက် လေ့ကျင့်ပြီးသွားတဲ့အခါမှာ တော့ ရပ်လိုက်တော့တယ်။

သူ့ရဲ့မျက်နှာမှာ ချွေး တွေနဲ့ ပြည့်လို့ နေပြီး လက်နက် တွေကို နေရာတကျထားလိုက်တဲ့အခါ လုလျန့် ဝေဆီ လျှောက်သွားလိုက်တယ်။ သူရဲ့ ခြေလှမ်းတိုင်းက ညီမျှပြီး ကိုယ်ခံပညာ လေ့ကျင်ထားလို့ ချွေး တွေထွက် နေ ပေမယ့်လည်း သူဟာ အင်မတန်ခန့်ညားတဲ့ ယောကျ်ားတစ်ယောက်ပဲ။ လုလျန် ဝေက တော့ ဟိုးအရင်ဘဝတုန်းက အလွန်တရာကို ချော မောလှပတဲ့သူ တွေကိုမြင်ဖူးခဲ့တာမို့ မဖြုံ ပေမဲ့ သူမအ နောက်မှာရပ် နေတဲ့ ကျုံးယွီက တော့ လုထင်ချန်ရဲ့ခန့်ညားမှု အောက်မှာ နစ် မျောလို့ နေလေရဲ့။ လုထင်ချန် လုလျန့် ဝေဆီက နေ ဆေးအနံ့ပြင်းပြင်းရလိုက်တာ ကြောင့် မနေ့ကကိစ္စကို သတိရလို့သွားပြီး သက်ပြင်းချလိုက်မိတယ်။

"ညီမ လေး နေ ရော ကောင်းပြီလား၊ သမား တော်နဲ့ ကော သေချာ စစ် ဆေး ထားရဲ့လား။"

လုလျန့် ဝေတစ် ယောက်လည်း သူမရဲ့ လည်ပင်း တွေကို ထိကြည့်မိလိုက်တယ်။ သူမကိုယ်တိုင် ရော နှော ဖော်စပ်ထားတဲ့ ဆေးတို့ကို ဒဏ်ရာ တွေ ပေါ်မှာ လိမ်းထားခဲ့မိခြင်းဖြစ်သည်။

ဒဏ်ရာက ထင်းပြီးနက် နေတာ ကြောင့် ခဏ လေးနဲ့ တော့ ပျောက်မှာမဟုတ်။ ဒါကို သူမအနေနဲ့ သေချာကို အချိန်အကြာကြီး ဂရုစိုက်ကုသရမှာဖြစ်ပါတယ်။

"ဒဏ်ရာက ဘာမှမဟုတ်ပါဘူး အစ်ကိုကြီးရယ်၊ သိပ်ပြီးစိတ်မပူပါနဲ့။"

လုထင်ချန်သက်ပြင်းချမိလိုက်တယ်။ မနေ့ကပဲ အဲ့တာ တွေကို သူကိုယ်တိုင်မြင် တွေ့ခဲ့ရတာ လေ ဒီအ ခြေအ နေနဲ့ဆို အမာရွတ်အဖြစ်ကျန် နေမှာ အ သေအချာပဲ။ သူ့ညီမ လေးအတွက် သူဘယ်လိုများ လုပ် ပေးရမလဲ။

"မနက်ဖြန်ကျ ငါနန်း တော်ကို သွားရင်း နင့်ကိုကြည့်ဖို့အတွက် သမားတော်ခေါ်လာခဲ့ ပေးမယ် လေ။"

ဦးရီးတော်ဧကရာဇ်ရဲ့ အသည်းအသက်လေး အဖြစ် ကူးပြောင်းလာတယ်Where stories live. Discover now