ဘာဖြစ်လို့ ငါ့ကိုလာချတာလဲ?

လင်းချင်းထံမှ အရိုက်ခံလိုက်ရသည့် စစ်သားနှစ်ယောက်သည် အချင်းချင်းစိတ်တိုစွာကြည့်ရင်း အော်ကြတော့သည်။

မင်းအရင်လာချတာ ငါက ဘယ်တုန်းက မင်းကိုချလို့လဲ?

တောက်! ငါချတာ မင်းမြင်လား? မင်းမချရင် ဘယ်ကောင်က ငါ့ကိုချမှာလဲ? ငါ့ရှေ့မှာ မင်းပဲရှိတာကို!

မင်းအရူးလား? ငါကမင်းရှေ့မှာရှိတာနဲ့ မင်းကိုချတဲ့သူက ငါဖြစ်ရမလား? မင်းလည်း ငါ့ရှေ့ရပ်နေတာ။ ဒါဆိုရင် ငါ့ကိုချတာက မင်းပဲမလား?

စစ်သားနှစ်ယောက်သည် ဘာဖြစ်မှန်း မသိကြသဖြင့် အချင်းချင်း စကားများကြတော့သည်။

ဟေ့ကောင်တွေ ဘာဖြစ်နေကြတာလဲ? ဘာဖြစ်လို့ အော်နေကြတာလဲ? ခေါင်းဆောင်ကြားရင် အပြစ်ပေးခံနေရမယ်။ သတိထားကြစမ်းပါကွာ

ဘေးတွင် ရိုင်ဖယ်ကိုင်ထားသည့် စစ်သားက ပြောသည်။

လင်းချင်းထံမှ အရိုက်ခံရသည့်နှစ်ယောက်ထဲက တစ်ယောက်သည်

ငါ့ကိုအခုလေးတင် တစ်ယောက်ယောက်က ရိုက်သွားတယ်။ သူပဲဖြစ်မှာ

ဟင်? ခနလေး မင်းတို့ထူးဆန်းတာ မခံစားရဘူးလား?

တတိယစစ်သားသည် တွေဝေစွာဖြင့် သူတို့ကိုကြည့်သည်။

ဘာလဲ?

မင်းတို့နှစ်ယောက်လုံးက တစ်ချိန်တည်းမှာ ချခံရတာ။ နှစ်ယောက်လုံးက ဘာမှမမြင်လိုက်ကြဘူး။ ငါ့အထင် မင်းတို့ကို တခြားတစ်ယောက်ယောက်က ရိုက်သွားသလိုပဲ!

ဘာကိုပြောချင်တာလဲ?

ဟုတ်တယ်။ ဒီမှာငါတို့အပြင် ဘယ်သူမှ မရှိဘူးမလား? မင်းက ဟိုမှာရပ်နေတာကို ငါတို့မမြင်ဘဲ ဘယ်လိုလုပ်ရိုက်နိုင်မှာလဲ?

ဒါဟုတ်တယ်။ ဒါပင်မယ့် ငါတို့အပြင် ဘယ်သူရှိသေးလို့လဲ?

ဟေ့! တိတ်တိတ်နေကြ! မင်းက သရဲအကြောင်း ပြောနေသလိုမျိုး ငါထင်တာပြီ ကျောချမ်းစရာကြီးကွာ!

အနည်းငယ်ကြောက်တက်သည့် စစ်သားက ပြောသည်။

အခြားသူများက ဆွံ့အကုန်သည်။

၂။ ဗျူဟာခင်းတဲ့ အစ်မကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now