EP - 4

526 50 9
                                    

Unicode

" မောင်......"

တိတ်ဆိတ်နေတဲ့အခန်းထဲခွန်မင်းရဲ့ခေါ်သံသာရှိပြီးပြန်တုံ့ပြန်သံကတော့မကြားရ။ စက်ရုပ်တစ်ရုပ်လိုသူလုပ်ရမယ့်လုပ်ငန်းဆောင်တာတွေကိုလုပ်ကိုင်ပြီးသည်နှင့်ကုတင်ပေါ်လှဲအိပ်သွားတဲ့မောင်ကခါတိုင်းလိုမဟုတ်ဘဲထူးထူးဆန်းဆန်းနှင့်မီးပါပိတ်ချသွားသည်။
တကယ်ဆိုမောင်ကညအိပ်မီးအလင်းရောင်ခပ်ဖျော့ဖျော့ကိုမှသဘောမကျတတ်ဘဲ......။

" မောင်တစ်ခုခုဖြစ်နေတယ်......"

စောင်ကိုဆွဲယူခြုံနေတဲ့မောင့်လက်တွေတုံ့ခနဲရပ်တန့်သွားတာကိုမြင်လိုက်ရပေမယ့်ကြားရတဲ့အဖြေကတော့အခြေအနေနှင့်ဆန့်ကျင်စွာပင်။ ' အသက်စိတ်ထင်လို့ပါ...မောင်ကဘာမှမဖြစ်ပါဘူး......' တဲ့။ 
ဟင့်အင်း...ငါမယုံဘူးမောင်။ မီးအလင်းရောင်တွေလင်းထိန်နေမှနေလို့အဆင်ပြေတဲ့မောင်ကဒီလိုအမှောင်ထုကိုသဘောကျနေစရာအကြောင်းမရှိဘူး။ ငါ့ဘေးနားတွယ်ကပ်လွန်းတဲ့မောင်ကအခုလိုဖယ်ခွာပြီးနေတာအကျိုးသင့်အကြောင်းသင့်အကြောင်းပြချက်တော့ရှိကိုရှိရမယ်။ စကားတွေအများကြီးပြောရတာသဘောကျတဲ့မောင်ကအခုလိုလိုအပ်တာပဲပြောပြီးတိတ်ဆိတ်နေတာမျိုးကမူမမှန်နေဘူး။

" မောင်ငါ့ကိုမချစ်တော့ဘူးမဟုတ်လား......"

စကားအဆုံးအနည်းငယ်လှုပ်ခတ်သွားတဲ့နှုတ်ခမ်းထောင့်စွန်းတစ်ဖက်။ ပြုံးလိုက်တာမှန်းသေချာနေပေမယ့်ခွန်မင်းအတွက်တော့ထိုအပြုံးကစိတ်ရှုပ်စရာတစ်ခုလိုပင်။ အမြဲလိုလိုတွေ့နေရသည့်အေးချမ်းချိုမြိန်တဲ့အပြုံးမျိုးမဟုတ်ဘဲခပ်ရွဲ့ရွဲ့မဲ့ပြုံးလိုအပြုံးမျိုး။ တစ်ခါမှဒီလိုအပြုံးမျိုးမပြုံးတတ်တဲ့မောင်ကဘယ်ကဘယ်လိုဒီလိုမျိုး.......။

" ငါမေးနေတာဖြေလေမောင်......"

" ဟား!...မောင်သာမချစ်ရင်အခုအချိန်အထိအသက်အနားမှာရှိနေမှာတောင်မဟုတ်တော့ဘူး......"

ရောထွေးထွက်ပေါ်လာတဲ့ရယ်သံကခနဲ့တဲ့တဲ့။ အေးချမ်းပြီးနှစ်လိုဖွယ်အပြုံးအစား‌ခေါင်းစဉ်တပ်မရတဲ့အပြုံးတွေကသာနေရာယူထားပြီးမာထန်မနေပေမယ့်အရင်လောက်နူးညံ့မနေတဲ့စကားသံကိုသာ‌ပြောဆိုသည်။ အရင်ကဆိုမောင့်စကားတိုင်းခွန်းတုံ့ပြန်နေကျ‌ပေမယ့်ဒီတစ်ခါမှာတော့စကားအဆုံးလူကဘာဆိုဘာမှပြန်မတုံ့ပြန်မိ‌တော့ဘဲကုတင်ပေါ်တွင်ငြိမ်သက်စွာလှဲနေသည့်မောင့်ကိုသာငေးကြည့်နေမိသည်။
မောင်ပြောင်းလဲသွားတယ်......။ ဘာဖြစ်လို့လဲမောင်...ငါ့ကိုမင်းကအမြဲတမ်းချစ်ပေးမှာမဟုတ်ဘူးလား။ အရာရာကိုသည်းခံနားလည်ပေးမှာပါဆို။ အခုကဘာလဲရေဝန်းရံသျှင်။

No sunlight zone Where stories live. Discover now