EP - 3

568 57 12
                                    

Unicode

ဒီနေ့ဆေးရုံမှာnight judyမရှိပေမယ့်လို့ခွန်မင်းအခုအချိန်အထိတိုင်အိမ်မပြန်ရသေး။ အကြောင်းပြချက်ကိုပြောပါဆိုရင်တော့အဆိုးလေးငယ်ကြောင့်ပါပင်။ ဂျူတီချိန်ကတည်းကအနားမှာတကပ်ကပ်လုပ်နေတဲ့ငယ်ကဂျူတီချိန်ပြီးသွားပြန်တော့လည်းဂျစ်တိုက်နေပြန်တာကြောင့်ခွန်မင်းမှာအခုထိငယ့်အနား‌ကနေကိုမခွာနိုင်ဖြစ်နေရပြန်သည်။

ညာဘက်လက်ကောက်ဝတ်ပေါ်နေရာယူထားသည့်နာရီအားတစ်ချက်ကြည့်မိတော့ညွှန်ပြနေတဲ့အချိန်က 8 : 45။ ဒါကခွန်မင်းဆေးရုံကပြန်နေကျအချိန်မဟုတ်သလို ၊ တစ်ခါမှလည်းဒီလောက်အထိနောက်မကျဖူးတာကြောင့်စိုးရိမ်းတတ်လွန်းပါတဲ့မောင့်အကြောင်းတွေးမိတာလူကမသိမသာသက်ပြင်းချမိသည်။
ဟူး...မောင်စောင့်နေရင်တော့ဒုက္ခပါပဲ......။

" ကိုမင်း!......"

ရုတ်တရက်ထအော်တဲ့ရိပ်ငယ်ကြောင့်တွေးလက်စအတွေးတို့ရပ်တန့်ကာရိပ်ငယ်ဆီအမြန်အကြည့်ပို့လိုက်ရသည်။ ဂစ်တာကြီးပိုက်ကယစူပုတ်ပုတ်နဲ့ကြည့်နေတဲ့ရိပ်ငယ်ကစိတ်ဆိုးနေတဲ့ပုံရပေမယ့်ဘာကြောင့်စိတ်ဆိုးရသလဲတော့မသိသေး။
ဒီကောင်‌မလေးတော့လေ...ကိုယ်လေးနည်းနည်းနွေးနေတာနဲ့လူကိုဂျစ်တိုက်နေပြန်ပါပြီ......။

" ငယ်ကကိုမင်းကိုသီချင်းဆိုပြမလို့ ကိုမင်းဘာသီချင်းကြိုက်လဲမေးနေတာလေ......"

" အာ......"

ရိပ်ငယ်စကားကြောင့်ခွန်မင်းမှာသံယောင်လိုက်ရင်းသာခပ်ဖြေးဖြေးပြုံးပြမိသည်။ တကယ်ပဲငယ်ကအဲ့ဒီ့လိုမေးလိုက်သလားမသိပေမယ့်တကယ်ပဲမကြားလိုက်မိတာတော့အမှန်။ ခုနကမောင့်အကြောင်းဘယ်လောက်ထိခေါင်းထဲရောက်သွားလိုက်မိတာပါလိမ့်။

" ကိုမင်းနော် ဘယ်ကောင်မလေးအကြောင်းတွေးနေတာလဲပြော......"

မျက်စောင်းဝင့်ကာပြောရင်းဂစ်တာကြိုးညှိနေတဲ့ငယ်ကတကယ့်ကိုချစ်စရာလေးရယ်ပါ။ ဝတ်ထားတဲ့နို့နှစ်ရောင်ဂါဝန်လေးရဲ့ဖဲကြိုးတစ်စနှစ်စကလည်းလေ‌အဝေ့တိုက်းအနည်းငယ်ဝဲလွင့်လို့။ စည်းနှောင်ထားတဲ့ဆံပင်‌ရှည်လေးတွေကပါခေါင်းလုံးလုံးလေးကိုလှုပ်လိုက်တိုင်းအလိုက်သင့်လှုပ်ခတ်နေသည်မို့အတော်လေးသဘောကျစရာကောင်းလွန်းပါရဲ့။

No sunlight zone Where stories live. Discover now