အပိုင်း(၅၁၈)

Start from the beginning
                                    

ယခုတော့ သူမ အရာအားလုံးကို ဆုံးရှုံးသွားခဲ့ရပြီ။
"နင်တို့အားလုံးက ငါ့ကို လိမ်ခဲ့တာလား"
သူမ ပိုင်ဆိုင်ရမည့် ရှယ်ယာများကို လွှဲပြောင်းပေးသည့် စာချုပ်တွင် လက်မှတ်ရေးထိုးလိုက်၍ အရာအားလုံးကို ပြင်ဆင်ရန် နောက်ကျသွားခဲ့လေပြီ။

ထျန်းအကြီးအကဲက အိမ်တော်ထိန်းဘက်လှည့်ကာ စကားပြောလိုက်သည်။

"ထျန်းရွှမ် သခင်မလေးကို သူ့အခန်းထဲပြန်ခေါ်သွားတော့။ ရူးမိုက်တဲ့အလုပ်တွေကို မလုပ်စေနဲ့နော်"

"ဘိုးဘိုးလည်း ဒါတွေကို တစ်လျှောက်လုံးသိနေတာလား၊ ဟုတ်လား။

ထျန်းရွှမ်က မတ်တတ်ထရပ်လိုက်ပြီး ထျန်းအကြီးအကဲကို မကျေမနပ်ကြည့်လိုက်သည်။

"ဒါဆိုရင် ဘိုးဘိုးက သူတို့အားလုံးနဲ့ပူးပေါင်းပြီး သမီးကို လှည့်စားခဲ့တာပေါ့...ဟုတ်လား...ဘိုးဘိုးက
ဖိုးဖိုးရဲ့ မြေးအရင်းကိုတောင် လှည့်စားရက်တယ်ပေါ့"

"ထျန်းရွှမ် နင် အခုထက်ထိ နင့်အမှားကို ဝန်မခံချင်သေးဖူးလား..."

"ထျန်းရွှမ် ဒီအခြေအနေထိရောက်နေတာတောင် နင်မှားလို့မှားမှန်း မသိသေးဘူးလား..."

ထျန်းအကြီးအကဲက သူ့လမ်းလျှောက်တုတ်ကောက်ကလေးဖြင့် ကြမ်းပြင်ကို ဖြန်းခနဲ မြည်အောင် ရိုက်ချလိုက်သည်။

"အိမ်တော်ထိန်း သူ့ကိုခေါ်သွားတော့''

"ဘိုးဘိုးကတောင် သမီးကိုလိမ်မယ်လို့
တစ်ခါမှ မမျှော်လင့်ခဲ့မိဘူး။ နင်တို့အားလုံး ငါ့ကို လိမ်နိုင်တယ်နော်...နင်တို့အားလုံး ငါ့ကို လိမ်ရက်တယ်နော်"

ဤအဖြစ်အပျက်က ထျန်းရွှမ်အတွက် အံ့သြစရာအကောင်းဆုံးကိစ္စဖြစ်သည်။ သူမ၏ ဂုဏ်သိက္ခာ၊ သူမ၏ ဝင့်ကြွားသော မာန်မာနများအားလုံး ပြိုလဲပျက်စီးခဲ့ရသည်။ ထျန်းအကြီးအကဲက သူမကို အလိုလိုက် အကြိုက်ဆောင်၍ သူမဘဝတစ်လျှောက်လုံး ဂုဏ်ယူကာဝင့်ကြွားခဲ့ရသည်။ သူမ မှီခိုအားထားရသည်ဟု ယူဆရသောသူကလည်း သူမဘဝအတွက် ယုံကြည်စရာမကောင်းခဲ့ပေ။ သူမကို ဟိုးယခင်တည်းက လိမ်ညာနေခဲ့သည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now