ကျန်းယွမ်ပိုင်က သက်ပြင်းချပြီးတော့ ပြောလိုက်တယ်။

"ဒီနေ့ ငါ အပြင်သွားတုန်းက၊ ချန်သယ် အရာရှိ လျူယွမ်ဖုန်းက ငါ့ကို စကားတစ်ချို့ ပြောခဲ့တယ်"

လက်ဖက်ရည်ခွက်ကို ကိုင်ထားသည့် ကျိရှုရန်ရဲ့လက်တွေက တင်းကျပ်သွားခဲ့ပေမဲ့၊ သူမရဲ့ မျက်နှာပေါ်မှာတော့ အပြုံးက ထင်ကျန်ရစ်နေခဲ့တယ်။ သူမက သိချင်စိတ်နဲ့ မေးလိုက်တယ်။

"သခင်ကြီးလျူလား၊ သခင်ကြီးလျူက ပုံမှန်ဆိုရင် သခင်ကြီးနဲ့ သိပ်ပြီး အဆက်အသွယ် မရှိပါဘူး၊ တစ်ခုခုဖြစ်လို့လား"

ကျန်းယွမ်ပိုင်က ပြောလိုက်တယ်။

"အရင်က ရီရီ အသက်ရှိစဥ်တုန်းက၊ လျူယွမ်ဖုန်းရဲ့ဇနီးက ရီရီနဲ့ သူငယ်ချင်းကောင်းတွေဖြစ်ပြီးတော့ မကြာမကြာ လာရောက် လည်ပတ်တတ်တယ်။ လျူယွမ်ဖုန်းကတော့ လီအာရဲ့ ကိစ္စအတွက်နဲ့ ငါ့ဆီကို လာခဲ့တယ်။ လီအာက မြို့တော်ကို ပြန်ရောက်ပြီးကတည်းက စာအုပ်ဖတ်နည်းကို သင်ယူဖို့ သူမအတွက် ဆရာတစ်ယောက်ကို ရှာဖွေသင့်တယ်ဆိုပြီး လျူယွမ်ဖုန်းက ငါ့ကို သတိပေးလိုက်တယ်"

ဒါကို တွေးလိုက်တဲ့အချိန်မှာ၊ ကျန်းယွမ်ပိုင်က ခေါင်းကိုက်သွားခဲ့တယ်။ အဲ့ဒီအချိန်တုန်းက၊ ကျန်းလီက အမှားကြီးတစ်ခုကို ကျူးလွန်ခဲ့ပြီးတော့၊ သီလရှင်ကျောင်းသို့ ပို့ဆောင်ခံရတာက ၈ နှစ်တောင် ကြာမြင့်သွားခဲ့တယ်။ ဒါက ညွှန်ကြားမှုတွေနဲ့ သင်ယူဖို့ရာ အကောင်းဆုံးအချိန် ဖြစ်နေခဲ့တယ်။ အဲ့အချိန်ကာလက အရမ်း ကြာမြင့် သွားခဲ့ပေမဲ့၊ သီလရှင်ကျောင်းမှာ ရှိနေတဲ့အချိန်တုန်းက ကျန်းလီသည် ဆရာထံက သွန်သင်မှုကို မရခဲ့ဘူးဆိုတာက လုံးဝသေချာနေခဲ့တယ်။

သူသည် ပညာရှင်တွေရဲ့ ခေါင်းဆောင်၊ ဧကရာဇ်မင်းမြတ်ရဲ့ လေးစားရတ့ ဆရာ၊ ထူးချွန်တဲ့ သင်ယူမှုနဲ့ တရားရုံးမှာ လက်ထောက်ဖြစ်လာတာ။ ဒါပေမဲ့ သူ့ရဲ့ သမီးအရင်းက စကားလုံးတွေကို မမှတ်သားနိုင်၊ မရေးသားနိုင်ဘူးဆိုတဲ့ စကားလုံးတွေ ထွက်လာရင်၊ ဘယ်လောက် ရယ်စရာ ကောင်းခဲ့လိမ့်မလဲ။

လျူယွမ်ဖုန်းရဲ့ စကားတွေက ကြားရတာ နားဝင်ဆိုးပေမဲ့၊ စဉ်းစားတွေးတောကြည့်ရင် ဘာ အခြေအမြစ်မှ မရှိခဲ့ဘူး။ ဒါကြောင့် ကျန်းယွမ်ပိုင်က ကျန်းလီဆီကို လာပြီးတော့ သာသင်ကြားပေးမဲ့ ဆရာကို ရှာဖို့ ချက်ချင်း ဆုံးဖြတ်ခဲ့တယ်။

ပြောတာကို ကြားလိုက်ရတဲ့အချိန်မှာ ကျိရှုရန်က သူမရဲ့ အသက်ရှူသံကို ဖြေလျှော့ပြီးတော့ ပြုံးပြလိုက်တယ်။

"ဘာဖြစ်တာလဲလို့ ကျွန်မက တွေးနေခဲ့တာ။ တကယ်တော့ ဒါနဲ့ ပတ်သက်နေတာလား။ သခင် ကြီး သိပ်မစိုးရိမ်ပါနဲ့၊ လူတွေက အရည်အချင်းကို ထောက်ခံကြရင်တောင်မှ၊ အမျိုးသမီးတွေအပေါ်ကိုတော့ သနားကြင်နာကြပါတယ်။ လီအာရဲ့ အသက်က မငဟ်တော့တဲ့အတွက်၊ အခုအချိန်မှ သူမက စာစသင်မယ်ဆိုရင်၊ သူမက အများကြီး မသင်ယူနိုင်မှာကို စိုးရိမ်မိတယ်။ ပညာရပ်လေးခုကို သင်ကြားဖို့ ဆရာတွေကို ရှာပြီးတော့ တစ်ခုစီအတွက် အချိန်တွေ ခွဲဝေပေးမယ်။ သူမက နည်းနည်းချင်း သင်ယူနိုင်မယ်ဆိုရင်၊ အဲဒါက သူမအတွက် အဆင်ပြေလာလိမ့်မယ်။ အဲဒါမှ အနာဂတ်မှာ သူမရဲ့ အိမ်ထောင်ရေး အကြောင်းကို ဆွေးနွေးတဲ့ အချိန်မှာ၊ သူမက အဆင့်အတန်းမြင့်တယ်လို့ သူမခင်ပွန်းရဲ့ မိသားစုတွေက တွေးကြလိမ့်မယ်"

ကျန်းယွမ်ပိုင်က ပြောလိုက်တယ်။

"မင်း ပြောတာက အကျိုးအကြောင်း သင့်တော်တယ်။ ဒါပေမဲ့ အမျိုးအစားတစ်ခုစီရဲ့ မျက်နှာပြင်ကို သင်ယူရုံနဲ့၊ ငါ့ရဲ့ သမီးကျန်းက အဲဒါကို ဘယ်လိုလုပ် သိနိုင်မှာလဲ"

ကျိရှုရန်က ပြုံးပြီးတော့ ပြောလိုက်တယ်။

"သခင်ကြီး၊ အရာရာတိုင်းကို လုံးဝဥဿုံ ကြည့်လို့မရဘူး။ လီအာက အရင်က တစ်ခါမှ စာရေး၊ စာဖတ်တာကို မသင်ကြားဘူးဘူး။ သခင်ကြီးက အရမ်းတင်းကြပ်လွန်းပြီးတော့ ဖြစ်ချင်စိတ်အရမ်းများနေရင်၊ အဲဒါက ဆန့်ကျင်တုန်ပြန်မှုတွေကို ရလိမ့်မယ်"

ခဏကြာအောင် စဉ်းစားပြီးတဲ့ အချိန်မှာတော့၊ ကျန်းယွမ်ပိုင်က ခေါင်းငြိမ့်ပြလိုက်တယ်။

"အဲ့ဒီလိုပဲ ကိုင်တွယ်လိုက်ပါ"

Telegram မှာ အပိုင်း ၁၂၅အထိ ရောက်ပါပြီနော်။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now