အပိုင်း၅-၁+၅-၂

Start bij het begin
                                    

သူ လက်ကိုမြှောက်လိုက်ပြီး ဆေးလိပ်ကိုတစ်ချက်ရှိုက်လိုက်တယ်။ နောက်ပြီး ဆေးလိပ်ငွေ့တွေကိုဖြေးဖြေးချင်းပြန်မှုတ်ထုတ်လိုက်တယ်။

" သတိရပြီလား? "

ဆေးလိပ်ငွေ့တွေနဲ့အတူထွက်လာတဲ့ သူ့ရဲ့အလေးမထားသလို ခပ်အက်အက်နဲ့ ခပ်နိမ့်နိမ့်လေသံက တစ်မျိုးတစ်မည်ဆန်စွာ ညို့ဓာတ်အပြည့်ရှိလို့နေတယ်။

ဒီလိုနဲ့ မနေ့ညကအဖြစ်အပျက်တွေက စူးယွီကျုံးရဲ့ခေါင်းထဲမှာ အစီအရီနဲ့ပေါ်ထွက်လို့လာတယ်။

ထိုအမျိုးသားကိုအခန်းထဲ ပိုးပြီးဝင်လာတာအပါအဝင်၊ သူ့ရဲ့ Rutကာလရှေ့တိုးသွားတာရယ်၊ နောက်ပြီးထိုလူကိုဇွတ်ဖတ်ထာပြီး နှာဘူးတစ်ယောက်လိုမျိုး လုပ်ခဲ့မိတဲ့တာတွေရယ်၊ နောက်ပြီးတော့လည်း .......

စူးယွီကျုံးတဖြေးဖြေးနဲ့ မျက်နှာများနီရဲလာခဲ့တယ်။

သူခဗျာ ဒေါသလည်းထွက်၊ရှက်လည်းရှက်နဲ့ တစ်ချိန်တည်းမှာပင် ဘာမှန်းမသိတဲ့ ခံစားချက်တစ်ချို့ပါကို နားမလည်နိုင်အောင်ဖြစ်လို့နေတယ်။

" ဒီလာခဲ့ ! " ထိုအမျိုးသားကထပ်ပြီးစကားဆိုပြန်တယ်။

စူးယွီကျုံး နှုတ်ခမ်းတွေကိုစုပ်သပ်လိုက်ပြီး စောင်အောက်မှာရှိနေတဲ့ သူကိုယ်ကိုတစ်ချက်ငုံ့ကြည့်လိုက်တယ်။ညဝတ်အင်္ကျီဝတ်ထားတဲ့သူက ထင်ထားသလိုမျိုး အဝတ်မပါတဲ့ကိုယ်ဗလာချည်းပဲဟုတ်မနေပေ။

နှစ်ဘဝတိတိရှင်သန်ဖူးတဲ့သူတစ်ယောက်အနေနဲ့ သူဟာအမှန်တကယ် ဆယ့်ရှစ်နှစ်အရွယ်ကောင်ငယ်လေးလို့ သတ်မှတ်လို့တော့မရပေ။ ဒီလိုကိစ္စမျိုးဖြစ်ပြီးသွားတာတောင်မှ သူကိုယ်သူအတော်လေးစိတ်ကတည်ငြိမ်နေသေးတာကို သတိထားလိုက်မိတယ်။

သူကုတင်ပေါ်မှာခဏလောက်ထိုင်နေပြီး အတော်လေးကြာမှစောင်ကိုလှန်ဖယ်လိုက်ပြီး ကုတင်ပေါ်ကဆင်းလာခဲ့တယ်။

ခြေဗလာနဲ့ လူငယ်လေးက အေးစက်စက်ကြမ်းပြင်ကိုနင်းကာ တစ်စုံတစ်ယောက်အပြင်းအထန်ရိုက်နှက်ထားသလိုမျိုး နာကျင်နေတဲ့ ခန္ဓာကိုယ်ကနာကျင်မှုကိုတောင့်ခံရင်း ထိုယောကျ်ားရှေ့မှာရှိနေတဲ့ ဆန့်ကျင်ဘက်ကဆိုဖာခုံဆီရောက်သွားကာဝင်ထိုင်လိုက်တယ်။

小甜A誰不喜歡?( မြန်မာဘာသာပြန် )( Unicode )Waar verhalen tot leven komen. Ontdek het nu