Chapter - 22

9.5K 765 130
                                    

                        [ Unicode ]

အတွေးများစွာနဲ့ရှုတ်ထွေးနေတဲ့လင်ချောင်မိန်ဟာ သူ့အတွက်ဒီနေ့လောက် စိတ်ပျက်ခြင်းမျိုးတစ်ခါမှမခံစားရဖူးပေ။ မဟုတ်ဘူး။ ဒါကစိတ်ပျက်ခြင်းထပ် သူ့လက်ထဲမှာရှိနေတဲ့၊ သူပိုင်ဆိုင်ထားတဲ့အရာတွေကိုလက်လွတ်ဆုံးရှုံးဖို့အတွက် နီးကပ်လာတဲ့အန္တရယ်တစ်ခုပဲ။

လင်ချောင်မိန်သည် သူ့အခန်းကုတင်ပေါ်မှာထိုင်ရင်း သူ့မျက်လုံးတွေကဒေါသတစ်ချို့၊ မုန်းတီးမှု့တစ်ချို့ရှိနေခဲ့ပြီး သူ့အတွေးတွေက ငယ်ရွယ်စဥ်အချိန်တစ်ခုစီ တိုးဝင်လို့သွားသည်။

လင်ချောင်မိန် လူမှန်းသိတတ်စအရွယ်ကတည်းက သူ့မိသားစုမှာအဖေပျောက်ဆုံးနေခဲ့ပြီး သူ့ကိုအမေတစ်ယောက်ထဲကမွေးခဲ့သလို အဖေဆိုတာမရှိခဲ့ပေ။ အဖေ ဖြစ်သူနဲ့ပက်သတ်ပြီး ကလေးတစ်ယောက်အနေနဲ့ အမေ့ ကိုမေးခဲ့သည့်တိုင်အောင် ပြောမပြလာခဲ့ဘူး။ ထို့ကြောင့် အဖေ မရှိ၊ လင်ကောင်မပေါ်ပဲမွေးတဲ့ကလေးတစ်ယောက်လို့သတ်မှတ်ထားတဲ့ပတ်ဝန်းကျင်မှာ တခြားရွယ်တူကလေးများရဲ့အနိုင်ကျင့်၊ ဗိုလ်ကျခြင်းခံခဲ့ရသည်။ ဒါ့အပြင် ပြေလည်မှု့မရှိတဲ့အိမ်ရဲ့ငွေကြေးအခက်အခဲကြောင့် သူများနဲ့တန်းတူမဝတ်မစားနိုင်ခဲ့တဲ့အတွက် မျက်နှာငယ်ခဲ့ရတယ်။

ဒါ့ကြောင့်ပဲ လင်ချောင်မိန်သည် ငယ်စဥ်ကတည်းက ချ်မးသာတဲ့အိမ်က ကလေးတွေကိုမနာလိုဝန်တိုစိတ်ရှိခဲ့သည်။သူလည်းအဲ့ကလေးတွေလို ဘာလို့ချမ်းချမ်းသာသာနဲ့မမွေးဖွားခဲ့ရတာလဲ?? အဲ့လိုအတွေးတွေနဲ့အလိုလောဘတွေက သူကိုယ်တိုင်တောင်မသိပဲပြည့်နှက်လာခဲ့သည်။

တစ်နေ့မှာ အကောင်းစားကားကြီးစီးပြီး အလွန်ချမ်းသာတဲ့သူဌေးကြီးက ရုတ်တရက်သူ့အဖေဖြစ်လာခဲ့တယ်။ အရွယ်မရောက်သေးတဲ့ကလေးတစ်ယောက်ဖြစ်ပေမယ့် သူ့မှာ မယုံကြည်နိုင်ခြင်း။ လက်မခံနိုင်ခြင်းဆိုတာတောင်မတွေးနိုင်ပဲ သူချက်ချင်းပဲ " ဖေဖေ " လို့ခေါ်ပြီး အသိအမှတ်ပြုခဲ့တယ်။ ငယ်စဥ်ကတည်းက ချမ်းသာတဲ့အိမ်က ကလေးဖြစ်ချင်ခဲ့တဲ့အိမ်မက်ကို လင်ချောင်မိန်နာနာခံခံနဲ့ဆုတ်ကိုင်ထားခဲ့တယ်။

The villain is my boyfriendWhere stories live. Discover now