> Unicode <
" ရွယ်ကျီ "
လင်ဝေ့က ကျောက်ဇီရှန် ကိုတိုက်ရိုက်သွားမနှုတ်ဆက်ရဲတာကြောင့် သူ့သားကိုအရင်ခေါ်လိုက်တယ်။ လင်ရွယ်ကျီလှည့်ကြည့်တော့ လင်ဝေ့ က သူ့ကိုပြုံးပြနေတာကိုတွေ့လိုက်သည်၊ ချက်ချင်းပဲ လင်ရွယ်ကျီက ကျောက်ဇီရှန်ကိုခွင့်တောင်းကာ သူ့အဖေဆီကိုလျှောက်သွားပြီး သူ့အဖေနဲ့အတူ တခြားတနေရာကို လျှောက်သွားလိုက်သည်။
ကျောက်ဇီရှန် က လင်ရွယ်ကျီနဲ့လင်ဝေ့ရဲ့အပြုအမူကတစ်ခုခုထူးခြားနေတာကြောင့် စိတ်ထဲခုနေခဲ့သည်။
" အကိုကျောက် အဲ့တာ လင်အိမ်တော်က လင်ဝေ့မဟုတ်လား "
" အင်း "
" သူ့အဖေပဲကို ဘာလို့ မရီးကလန့်သွားတဲ့ပုံပေါက်နေတာလဲ "
ဖန်းချူ အဲ့လိုပြောလိုက်တော့ ကျောက်ဇီရှန် က ပိုလို့စိတ်မချဖြစ်သွားရပြီး သူတို့ထွက်သွားရာနေရာဆီအေးစက်စွာကြည့်လိုက်သည်။
" ငါအခုပြန်လာမယ် "
သူကဖန်းချူကိုပြောပြီးထွက်လာခဲ့တယ်။
ဖန်းချူ နဲ့ ကျောက်ဇီရှန်ကအသက် ၂ နှစ်ကွာတဲ့ သွေးသားမတော်စပ်တဲ့ညီအကိုတွေလိုခင်မင်ခဲ့ကြတယ်။ ကျောက်ဇီရှန်က အမြဲတမ်းသူ့ကမ္ဘာထဲမှာပဲလှောင်ပိတ်နေတတ်တဲ့လူစားမျိုး၊ အဲ့လိုလူက သူ့ကိုခင်မင်တဲ့ ဖန်းချူကိုတော့ ညီလေးလိုသဘောထားပြီး ဖန်းလုပ်ငန်းစုရဲ့ကိစ္စတစ်ချို့ကိုကူညီပေးခဲ့တယ်။ ပြီးခဲ့တဲ့နှစ်က ကိစ္စတစ်ခုကြောင့် သူက နိုင်ငံခြားသွားခဲ့ပေမယ့် ဖန်းလုပ်ငန်းစုနဲ့လက်တွဲလုပ်ကိုင်ပေးနေတဲ့ ကျောက်ဇီရှန် ကြောင့် သူ့ဆက်ခံသူနေရာကမယိုင်နှဲ့သွားခဲ့ဘူး။ ဖန်းလုပ်ငန်းစုအတွက် ဖန်းချူလျှောက်ရတဲ့လမ်းက ကျောက်ဇီရှန်လျှောက်လာခဲ့တဲ့လမ်းတွေလောက်မကြမ်းတမ်းပါဘူး။
ဖန်းချူက ကျောက်ဇီရှန်ပြန်လာမယ်လို့ပြောသွားတာကြောင့် အဲ့နေရာမှာပဲ သူ့အပေါင်းသင်းတစ်ချို့နဲ့စကားပြောနေလိုက်တယ်။
ကျောက်ဇီရှန် တို့နဲ့အဝေးတစ်နေရာကိုရောက်တော့ လင်ဝေ့က ရပ်လိုက်ပြီး သူ့သားကိုအရင်ချော့မော့ကာပြောလာတယ်။
BẠN ĐANG ĐỌC
The villain is my boyfriend
Lãng mạnဒီဇာတ်လမ်းမှာပါဝင်သော ဇာတ်လမ်းနှင့်တခြားသော အစစအရာရာ အားလုံးတို့သည် စာရေးသူမှစိတ်ကူးယဥ်ခြင်းဖြင့်ပုံဖော်ထားခြင်းသာဖြစ်ပါသည်။ Fic Cover - Pinterest Crd @