Arc 1.6

37 8 0
                                    

[Unicode]

ရွှမ်မုန်တို့ကြောင်အနေစဉ် စန္ဒယားက သူ့အလိုလို တီးခတ်လာကာ အက်ကွဲနေသောအသံပြာပြာက အားကစားရုံအတွင်း ပျံနှံလာသည်။

“နင်တို့ကို ကြိုဆိုတဲ့အနေနဲ့ ဇာတ်လမ်းတစ်ပုဒ်ပြောပြမယ် နားထောင်ချင်လား”

ထိုနောက်အသံက သူမတို့အဖြေကို မစောင့်တော့ဘဲ စပြောလာသည်။ချင်းချင်းက ကြောက်နေသော်လည်း နောက်ပြန်လှည့်ထွက်မပြေးမိအောင် ထိန်းထားနိုင်သေးတယ်။ရွှမ်မုန်ကတော့ အဓိကကစားကွက်ကို ရောက်ပြီဖြစ်ကြောင်းသိလိုက်သည်။ထိုကြောင့် မကြောက်တော့ဘဲ အေးအေးလူးလူးပင် ပရိတ်သတ်ခုံမှာ ဝင်ထိုင်သည်။တစ်ယောက်ထဲ မတ်တပ်ရပ်နေသော ချင်းချင်းလည်း ရွှမ်မုန်ဘေးတွင် အမြန်ဝင်ထိုင်လိုက်တယ်။သူမက ထိုမိန်းမကို အမြင်မကြည်ပေမယ့်လည်း သရဲကပုံပြင်ပြောနေတာကို သူမက နားမထောင်တဲ့ပုံမျိုး မလုပ်ရဲပါဘူး။

“တစ်ခါက နတ်သမီးလေးလို့တင်စားရတဲ့ မိန်းကလေးတစ်ယောက် ရှိခဲ့တယ် သူမ့နာမည်က စုန်နျန်ချင်း လူတွေက သူမကိုစာတော်တယ် ရုပ်ချောတယ် အသံကောင်းပြီးစန္ဒယားတီးတာတော်တယ် ချမ်းသာတယ် အရာရာပြည့်စုံတဲ့သူလို့ ထင်ခဲ့တယ် ဒါပေမယ့်တကယ်က အဲ့လိုမဟုတ်ခဲ့ဘူး”

အသံပြောပြချက်အရ စုန်နျန်ချင်းရဲ့ဘဝသည် ကံမကောင်းခဲ့ပေ။မိဘတွေဆီမှာ အချစ်မခံရသလို သူငယ်ချင်းတွေကလည်း အပေါ်ယံများကာ စိတ်ရင်းနဲ့ပေါင်းတဲ့သူမရှိသလောက်ပင်။ထိုနောက်တွင် သူငယ်ချင်းမလေးတစ်ယောက် ရခဲ့ပြီး အချစ်ဆုံးသူငယ်ချင်းများဖြစ်လာကြသည်။အထက်တန်းရောက်ချိန်တွင် လူငယ်သဘာဝအတိုင်း ချစ်သူကောင်လေးရှိလာတယ်။စုန်နျန်ချင်းသည် ဒီလူသားလေး၂ယောက်ကြောင့် ပျော်ရွှင်မူကို ခံစားလာရပြီး သူတို့၂ယောက်ကလွဲလို့ ဘာမှမလိုအပ်လို့တွေးခဲ့သည်။

သို့သော် တစ်နေ့တွင် ကားအက်ဆီးဒန့်ကြောင့် သူမ့ရုပ်ရည်နဲ့ သီချင်းကောင်းကောင်းဆိုနိုင်တဲ့အသံအိုးကို ဆုံးရှုံးသွားတဲ့အပြင် လက်ထိခိုက်ထားတာကြောင့် စန္ဒယားလည်း ထပ်မတီးနိုင်တော့ပေ။အဲ့ဒီအချိန်မှစ၍ စုန်နျန်ချင်းသည် အမြင့်ကနေအနိမ့်သို့ရောက်သွားကာ စွန့်ပစ်ခံခဲ့ရသည်။အဆိုးဆုံးက သူမ့ဘဝတွင် အရေးပါဆုံးဖြစ်သည့်သူ၂ယောက်က နောက်ကွယ်တွင် သူမကိုပေါင်းကြံခဲ့တာဖြစ်သည်။

ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ Hell Gameကမ္ဘာWhere stories live. Discover now