Part-1

103 14 20
                                    

[Unicode]

Arc.1(Hell game ထဲစတင်ဝင်ရောက်ခြင်း)

လူသားများသည် သူတို့နဲ့မတူဘဲ တစ်မူကွဲပြားနေသူရှိပါက ထိုသူအား သူတို့ရှောင်ဖယ်လေ့ရှိကြသည်။ပိုင်လင်းချန်သည် မွေးထဲကသူများကလေးတွေနဲ့ မတူဘဲကွဲပြားနေခဲ့တယ်။မွေးကာစရှောင်ပိုင်ပေါက်စလေးမှာ တစ်ခြားကလေးတွေလို အော်မငိုဘဲ မျက်နှာသေဖြင့် အခန်းထဲရှိလူတိုင်းအား သူရဲ့မျက်လုံးနက်နက်လေးတွေနဲ့ စိုက်ကြည့်နေခဲ့သည်။ဘာကြောင့်မှန်း မသိရသော်လည်း ထိုမျက်လုံးနက်လေးများနဲ့ စိုက်ကြည့်ခံရတိုင်း စိတ်ထဲတွင်မသက်မသာဖြစ်ကာ ကလေးနဲ့ဝေးရာတွင်သာ နေချင်ကြတယ်။

အသံပေါင်းစုံထွက်ကာ လူကြီးမိဘတွေဆီက ဂရုစိုက်ခံရအောင်လုပ်တတ်သည့် ကလေးတွေနဲ့ခြားနားစွာ ရှောင်ပိုင်ပေါက်စလေးမှာ ရယ်လည်းမရယ်၊ ပြုံးလည်းမပြုံးဘဲ မျက်နှာသေနှင့်သာ လူတိုင်းကို မျက်လုံးနက်နက်လေးတွေနဲ့ ကြည့်တတ်သည်။

ထိုအတွက်ကြောင့်ပဲ ရှောင်ပိုင်သည် မွေးကာစအရွယ်ထဲမှာတင် အဖိုးအဖွားရဲ့အသိမှတ်ပြုခြင်း မခံရသလို ဖခင်ကလဲချို့ယွင်းချက်ရှိနေသောကလေးအား မလိုအပ်ဟုဆိုကာ စွန့်ပစ်ခြင်းခံခဲ့ရသည်။ကြီးလာတော့လည်း ပိုင်လင်းချန်ရဲ့ မျက်နှာသေကြောင့် ရှောင်ဖယ်ခံရပြီး မကောင်းဆိုးဝါးဖြစ်လို့နေမှာဆိုတဲ့ မှတ်ချက်ကြီးရရှိခဲ့သည်။ထိုပြင် ထူးထူးဆန်းဆန်းလုပ်တတ်တာကြောင့် အဲဒီကလေးက အရူး ကျပ်မပြည့်ဘူး ဟုပြောတတ်သည့်အပြင် ဖခင်လည်းမရှိ မိခင်ကိုလည်း ဒုက္ခရောက်အောင်လုပ်တဲ့ မျိုးမစစ်လေး စသည့်ဖြင့်အတင်းပြောတတ်ကြသေးတယ်။သို့သော် ထိုလူကြီးတွေမေ့သွားသည်မှာ ပိုင်လင်းချန်သည် ကလေးသာရှိသေးသည့်အပြင် သိတတ်နားလည်ကာစအရွယ် ရောက်နေပြီဆိုတာပင်။သာမန်ကလေးဆို စိတ်ဒဏ်ရာအကြီးအကျယ်ရသွားနိုင်သော်လည်း ပိုင်လင်းချန်ကတော့ မျက်နှာသေလေးနဲ့သာ ဂရုမစိုက်မြဲ။

တကယ်တမ်းတွင် ပိုင်လင်းချန်တစ်ယောက် ငယ်ငယ်ထဲက သရဲတွေမြင်နိုင်ကာ အဖော်မရှိ၍ သရဲတွေနဲ့သူငယ်ချင်းလုပ်ပြီး ကြီးပြင်းလာရကြောင်း ပိုင်လင်းချန်မိခင်ဖြစ်သူ နင်ဖေးဖေးသာသိသည်။ထိုကြောင့် သားဖြစ်သူကြီးလာလေ လူတွေနဲ့သီးခြားတစ်ယောက်ထဲ နေတတ်လာကာ အတွေးနဲ့အသိဉာဏ်ကလည်း အများနဲ့မတူကြောင်း သိလာရသည်။သို့သော် သူမဘဝတွင် ဒီသားလေးသာရှိတာကြောင့် အလိုလိုက်ကာ ပိုင်လင်းချန်ဘာလုပ်လုပ် အားပေးထောက်ခံခဲ့တယ်။

ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ Hell Gameကမ္ဘာWhere stories live. Discover now