Arc 1.3

50 11 30
                                    

[Unicode]

အခန်းထဲက အခြေအနေကြောင့် လူ၂ယောက်နဲ့သရဲတစ်ကောင်မှာ အချင်းချင်းကြောင်ကြည့်နေမိသည်။အရင်ဆုံး အသိဝင်လာတဲ့သူက ကျားရိမင်ဖြစ်ကာ ဒွိဟဖြစ်စေတဲ့အနေထားက ကုန်းရုန်းထပြီး ပိုင်လင်းချန်ကို ဆွဲပြေးဖို့လုပ်တော့တယ်။သို့သော် တစ်ဖက်က နေရာကတစ်စက်လေးမှ မရွေ့တာကြောင့် ကျားရိမင်မှာ ကျောက်တုံးလူသားနဲ့ လွန်ဆွဲနေသလို ခံစားလိုက်ရသည်။

“ပိုင်လင်းချန်ရေ ကြောင်မနေနဲ့ မြန်မြန်ပြေးရအောင်ဟ!”

ရုတ်ရင်းဆန်ခတ်အသံကြောင့် လောကကြီးကိုသံသယဝင်နေသည့် သရဲမလည်း အသိဝင်လာတော့တယ်။သူတို့ဘာသာ ကွေးရုံမကလို့ ကောက်နေရင်တောင် သူမသတ်ရမှာပဲ။

“နင်တို့အကုန်လုံးသေလိုက်တော့!”

ကျားရိမင်မှာ သူဆီဦးတည်လာတဲ့ ပုဆိန်ကြီးကြောင့် အလန်တကြား မျက်လုံးမှိတ်လိုက်မိသည်။ပြေးပေါက်လဲမရှိတာကြောင့် သူသေချာပေါက် သေရတော့မှာ။ထိုနောက် တစ်စက္ကန့်……နှစ်စက္ကန့်……သုံးစက္ကန့်ကြာတဲ့အထိ သူထင်ထားတဲ့နာကျင်မူ မရောက်လာတာကြောင့် အံဩသွားကာ မဝံမရဲမျက်လုံးဖွင့်ကြည့်လိုက်တော့…..

“လောရှည်ကောင် ငါ့ပုဆိန်ကို လွှတ်လိုက်စမ်း!”

သွေးစွန်းနေပြီး သာမန်ပုဆိန်တွေထက်ကြီးကာ ကြောက်ဖို့ကောင်းသည့် လူသတ်ပုဆိန်ကြီးမှာ လက်ချောင်းသွယ်သွယ်များကြားတွင် ဖမ်းဆုပ်ကိုင်ခြင်းခံထားရသည်။ကျောင်းသူသရဲမလေးမှာ မိမိ့ပုဆိန်ပြန်လိုချင်သော်လည်း ပိုင်လင်းချန်လက်ထဲက ပြန်ဆွဲမထုတ်နိုင်ပေ။ဆံပင်အနက်ရောင်နဲ့ကောင်လေးက အသာဆုပ်ကိုင်ထားပုံပေါ်သော်လည်း သရဲမဘက်မှာတော့ အားကုန်ဆွဲထုတ်တာတောင် ဆွဲလို့မရဘူး။သူတို့ပုံစံကြည့်ရတာ အငြိုးကြီးသရဲနဲ့ကစားသမား အဖြစ်နဲ့မတူဘဲ ဆယ်ကျော်သက်လေး အထက်တန်းကျောင်းသားက သာမန်အလယ်တန်း ကျောင်းသူလေးကို အနိုင်ကျင့်နေသလိုပင်။

ကျားရိမင် - ……..’သူအထင်မှားတာမှတ်လား’

လောရှည်ကောင်လို့ နာမည်တပ်ခံလိုက်ရတဲ့ ပိုင်လင်းချန်က သဘောမကျစွာပြောလာသည်။”ကလေးဆိုတာ ပုဆိန်နဲ့မကစားရဘူး မင်းက မိန်းကလေးဆိုတော့ ပိုဆိုးတယ်”

ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ Hell Gameကမ္ဘာWhere stories live. Discover now