အပိုင်း ၄၄

Start from the beginning
                                    

''သူဌေးမင်း''

ခေါ်သံကြောင့် လှည့်ကြည့်လိုက်သည့်အခါ ဧရာဟာပန်းရုံရှေ့တွင်ရပ်နေသည်။ ဆက်ထင် ပန်းရုံထဲမှထွက်လာပြီး ဧရာ့ဆီသို့လျှောက်သွားလိုက်၏။

''ဘာအရေးများလဲဧရာ...''

''သူဌေးမင်း ကျုပ်စကားပြောစရာရှိရဲ့''

''နေပူပါရဲ့ကွာ အိမ်ထဲဝင်ချေ''

''ဟုတ်ကဲ့''

ဆက်ထင်နဲ့ဧရာ အိမ်ထဲဝင်ခဲ့ပြီးနောက် ဆက်ထင်ဧည့်ခန်းတွင် ဝင်ထိုင်လိုက်သည်။

''ဆိုပါဦး...''

''ပြောရမှာကျုပ်လဲအားနာပါရဲ့ အတို့အထောင်လဲမဟုတ်ရပါဘူးသူဌေးမင်း သိသင့်တယ်ထင်လို့လာအသိပေးတာပါ ဟုတ်မဟုတ်ကျုပ်လဲစုံစမ်းနေတုန်းပါပဲ''

ဘာအကြောင်းအရင်းမလို့ဒီလောက်စကားပုလ္လင်ခံနေရလဲဆိုတာ ဆက်ထင်သိချင်သွားသည်။

''ရဲရဲဝင့်ဝင့်ပြောပါ မောင်ရင်''

''ဒေါ်ခင်မေသန်းရဲ့ဖိနပ်စက်ရုံလုပ်ငန်းဟာ အဝယ်တွေကြားလူပြောများနေရဲ့''

ဆက်ထင်မျက်ခုံးများစုကျုံ့သွားရသည်။

''ဆိုလိုတာက ရောင်းမယ်လို့သတင်းထွက်နေတယ်ပေါ့ဟုတ်သလားဧရာ''

''ဟုတ်ကဲ့သူဌေးမင်း ကျုပ်ဒီလိုကြားပါတယ် အတွင်းလူပဲသိပါသေးရဲ့ လုပ်ငန်းကလဲလည်ပတ်နေပါတယ်''

''ကျုပ်ထင်တော့ထင်ပါရဲ့မောင်ရင် သူင်ြိမ်နေတာကိုသတိထားမိရဲ့ လောဘကိုမရှောင်ကြဥ်နိုင်ပဲဖြစ်လာသမျှအရာအားလုံး သူပဲခံရမှာပါ''

ဒေါ်ခင်မေသန်းအားဆက်ထင်အကြိမ်ကြိမ်အခါခါသတိပေးခဲ့ပြီးဖြစ်သည်။ ထိုလောင်းကစားအစွဲဟာဘုရားဆင်းချွတ်ရင်တောင်ကျွတ်နိုင်မည်မထင်။ဒီတစ်ခေါက်သာထပ်ဘဝပျက်လို့လမ်းဘေးရောက်ပါက ဆက်ထင် ကယ်ပေးတော့မည်မဟုတ်။ ပေးပြီးသားလုပ်ငန်းအတွက် ဆက်ထင်မနှမြောသလို သူ့အကြောင်းသူ့ကံဟုသာတွေး၏။အကယ်၍ အင်းယားမြိုင်အိမ်ကိုထပ်၍ထိပါးလာပါက တကယ်ပဲတိုင်ကြားထဲထည့်ဖို့စဥ်းစားထားသည်။

''ကျုပ်လူတစ်ယောက်ကိုနှစ်ကြိမ်တိတိအခွင့်အရေးပေးပေမယ့် ဒေါ်ခင်မေသန်းကိုမေရီရီ့မျက်နှာကြောင့်အကြိမ်ပေါင်းမနည်းသတိပေးခဲ့ရဲ့ အကယ်၍ အခုတစ်ခါလုပ်ငန်းဆုံးရှုံးခဲ့ရင်ကျုပ်ပစ်ထားလိုက်မှာမောင်ရင်''

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Where stories live. Discover now