1

14.5K 1K 263
                                    

High Education Private School

ဒီ​နေ့မှာ ဆယ်တန်း ​ကျောင်းသားဖြစ်သည့် မြင့်မိုရ်၏ ပထမဆုံး​သော ​ကျောင်းတက်ရမည့် ​နေ့ဖြစ်၏။​ကျောင်း​ပြောင်းလာသည့် ​ကျောင်းသားဖြစ်​သော မြင့်မိုရ်ကို ​​​ကျောင်းနှင့်အသားကျ​စေရန် ဖခင်ဖြစ်သူ ဦးလွင်မင်းက ​နံနက် ခုနှစ်နာရီ​​ကျော်ကတည်းက ​​ကျောင်းလိုက်ပို့၏။

ကား​ပေါ်တွင် ​ကျောပိုးအိတ်ကို ​ပေါင်ပေါ်တင်ကာ မြင့်မိုရ်က အိတ်ထဲရှိ စာ​ရေးကိရိယာဘူးထဲမှ ပစ္စည်း​တွေ စုံ၊မစုံ စစ်​နေလိုက်၏။

" ​​ကျောင်း​ရောက်​တော့မယ်။ "

" ဟုတ်ကဲ့အ​ဖေ "

မြင့်မိုရ်က ​ကျောပိုးအိတ်ကို ​နောက်​ကျောဘက်တွင်ပြန်လွယ်လိုက်ပြီး အဆင်သင့်ပြင်ထားလိုက်၏။​ကျောင်းအသစ်မို့ အနည်းငယ်​တော့ စိတ်မသက်သာစွာ ခံစား​နေရသည်။

" အ​ဖေ အထဲထိ လိုက်ပို့​ပေးရမလား။ "

" ​နေ​ ... ​နေပါ​စေ ... သား သွားတတ်ပါတယ်။ "

" သူငယ်ချင်း​တွေနဲ့ ​​​ကျောင်းကို ပတ်ကြည့်​ပေါ့။ ဒီလိုပဲ ​နောက်​တော့ အသားကျသွားလိမ့်မယ်။ "

" ဟုတ် "

​ကျောင်း​ရှေ့ ​​ရောက်​နေပြီမို့ ဦးလွင်မင်းက ကားရပ်လိုက်၏။ မြင့်မိုရ်က ဦးလွင်မင်းအား ပြုံးပြလိုက်ပြီး ​ကျောပိုးအိတ်​ဘေးတွင် ချိတ်ထား​သော ဦးထုပ်အဖြူ​လေးကို ဆွဲဖြုတ်ကာ ​ဦး​ခေါင်းထက်တွင် နောက်ပြန်​လေး ​​ဆောင်းလိုက်ပြီး ကား​ပေါ်မှ ဆင်းလိုက်၏။

" ​ကျောင်းမှာ အဆင်​ပြေတဲ့အ​​ကြောင်း မင်းအ​မေကို ဖုန်းဆက်​ပြောလိုက်ဦး။ "

" ဟုတ် "
​ Private School ဆို​သော်ငြား ဒီ​ကျောင်းမှာ ငါးတန်းမှစပြီး အထက်တန်းအထိ ရှိသည်မို့ အ​တော်အသင့် ကျယ်ဝန်း၏။ တံခါးဝတွင် တာဝန်ဖြင့် အလှည့်ကျ ​စောင့်​နေသည့် ဆရာမနှစ်​ယောက်အနက်မှ တစ်​ယောက်မှာ မြင့်မိုရ်ကို မြင်သည်နှင့် ပြုံးပြကာ အနား​ရောက်လာ၏။

" ​ကျောင်းသားအသစ်​လေး ... သားအခန်းက ဒီက​နေ တည့်တည့်သွား ပထမဆုံးမြင်ရတဲ့ နှစ်ထပ်အ​ဆောင်ရဲ့ အ​ပေါ်ထပ် အခန်း ( B ) "

Youth , Sweet LoveWhere stories live. Discover now