အပိုင်း ၃၉

Start from the beginning
                                    

''မောင်ရင် ခတ္တာအနောက်လိုက်သွားစမ်းပါ''

ဆက်ထင် ကျော်ကျော်ဆိုသည့်ကောင်လေးအား ပြောလိုက်တော့ ကျော်ကျော်ဟာ ခြံထဲသို့ပြေးထွက်သွားသည်။

''မထားခင် ရှင်ဘာရည်ရွယ်ချက်နဲ့ခတ္တာအပေါ်လုပ်သလဲ မဟုတ်မမှန်စွပ်စွဲတဲ့အပြင် ရှင်က ကလေးကိုကိုယ်ထိလက်ရောက်ပါစော်ကားလိုက်သေးရဲ့''

ဆက်ထင်မေရီစကားကြောင့် ရင်ထဲလှိုင်းတစ်ခုဖြတ်ပြေးသွားသည်။ထို့နောက်မေရီ့ဘက်ကိုလှည့်ကြည့်ကာ။

''ကိုယ်ထိလက်ရောက်ဟုတ်သလားဟမ်''

''ပါးရိုက်လိုက်ရဲ့ကိုကိုကြီးရယ်''

ဆက်ထင်ဒေါသတို့ဟာငယ်ထိပ်တက်ဆောင့်သည်။ကိုယ့်စိတ်ကိုယ်မထိန်းလိုက်နိုင် မျက်လုံးထဲဘာမှမမြင်တော့သည့်အထိ ပူထူသွား၍အလျင်အမြန်ပင်ထားထားခင်ဘက်လှည့်လိုက်ပြီးနောက်...။

ဖြောင်း!

လက်တဖက်ဟာ ထားထားခင်ရဲ့ဘယ်ဘက်ပါးပေါ်သို့ကျရောက်သွားသည်။ညာလက်ကဒဏ်ရာကြောင့်ဘယ်ဘက်လက်ကိုအသုံးပြုလိုက်သော်လည်းယောကျာ်းသားအားနှင့်ရိုက်လိုက်သောအခါ ထားထားခင်ဟာမြေပြင်ပေါ်သို့လဲကျသွားသည်။

''ကိုကိုကြီး!''

''သူဌေးမင်း စိတ်လျော့ပါ ရှုပ်ကုန်ပါမယ်လေ''

ဆက်ထင်လက်တစ်ဖက်စီကိုလာထိန်းကြသည်မလို့ ဆက်ထင် လက်တွေကိုရုန်းထွက်လိုက်၏။

''အကို...ဘယ်လိုများ ထားကို''

''ကောင်းသလား ဟမ်!''

မြေပြင်ပေါ်လဲကျနေသည့်ထားထားခင်အား ကလေးမတစ်ယောက်ဟာထူပေးမည်အပြုတွင်။

''ဒီမိန်းမကိုထူပေးစရာဘာအကြောင်းမှမရှိဘူး...ဒီမယ်ထားထားခင် မင်းက ဘာတန်ဖိုးမှမရှိတဲ့နားကပ်ကြောင့်ရာရာစစ ထိခွင့်မရှိတဲ့သူကို ထိလိုက်တာပဲ''

''ရှင်သိပ်ရက်စက်တာပဲကိုမျိုးဆက်ထင်''

''ငါ့ကိုဒီလိုပြောပိုင်ခွင့်မင်းမှာမရှိဘူး''

ဆက်ထင် နားထင်သွေးကြောများထောင်လာသည်အထိ ပေါက်ကွဲလာသည်မလို့ အားလုံးဟာအနောက်ကိုဆုတ်သွားကြသည်။

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Where stories live. Discover now