Part-21 အဆက်

916 81 5
                                    

"ပြန်ဝင်စားတာ?"

ထိုအမျိုးသမီးကဘာမှမပြောပဲ သူ့ကိုသာကြည့်နေလေတယ် သူခေါင်းကုတ်လိုက်ပြီး

"လူတိုင်းကသေပြီးရင်ပြန်ဝင်စားကြတာပဲမဟုတ်ဘူးလား?"

"အင်း"

ထိုအမျိုးသမီးကကျောက်တုံးပေါ်ထိုင်နေရာကနေဆင်းလိုက်ပြီး သူ့ဆီဖြေးဖြေးချင်းလျှောက်လာကာ

"ဒါပေမယ့်....အချို့တွေကဝဠ်ကြွေးကြောင့်ပြန်ဝင်စားတာ..."

"ကျွန်တော်နားမလည်ဘူး"

"မင်း...."

"ဟင်"

"မင်း အခု မင်းအမျိုးသားကြောင့်ရောက်လာတာမလား?"

"ဟုတ်တယ်"

"ငါပြောခဲ့တယ် မင်းတို့ကပေါင်းဖက်လို့မရဘူး"

"ဘာလို့လဲ?"

"သိဖို့အချိန်မကျသေးဘူး"

ထိုအမျိုးသမီးက သူမလက်ထဲဘယ်တုန်းကရောက်နေမှန်းမသိတဲ့ အနီရောင် ပန်းတစ်ပွင့်ကိုပေးလာကာ

"ဒီပန်းကို မင်းခေါင်းအုံးအောက်မှာထားပြီးအိပ်"

ရှောင်းကျန့်မယူသေးပဲ အမျိုးသမီးကိုကြည့်လိုက် ပန်းကိုကြည့်လိုက်လုပ်နေမိသည်

ထိုအမျိုးသမီးကပြုံးလိုက်ပြီး‌သူ့နားတိုးလာကာသူ့လက်ထဲပန်းကိုထည့်ပေးလာရင်း

"တောင်းပန်ပါတယ်"

"ဟင်?"

ရှောင်းကျန့်သူ့လက်ထဲရောက်လာတဲ့ပန်းကိုကြောင်အစွာကြည့်နေမိရာမှ ထိုအမျိုးသမီးစကားကြောင့်မော့ကြည့်မိတော့ ဘယ်သူမှရှိမနေတော့ပဲ သူတစ်ယောက်တည်းပင် သူ့လက်ထဲကပန်းလေးသာမရှိရင် သူအိပ်မက်မက်နေတယ်ထင်မိတော့မှာ

သူပန်းကိုသေချာကြည့်မိတော့ အနီရောင် ပွင့်ဖတ်လေးနှစ်ခုသာရှိသည်ကိုတွေ့လိုက်ရသည် သူခေါင်းသာခါလိုက်ရင်း သူမယုံပေမယ့် ညကျရင်ခေါင်းအုံးအောက်သာထားအိပ်ဖို့ဆုံးဖြတ်လိုက်ပြီး ဆေးရုံကိုသာပြန်သွားလိုက်တော့သည်

ညရောက်တော့ သူပန်းကိုကြည့်ရင်းစဉ်းစားခန်းဝင်နေမိသည် ဝမ်ကောကလည်းနိုးမလာသေးတာကြောင့် သူပူပန်သောကရောက်နေသည် သူ့လက်ထဲကပန်းလေးကိုသာကြည့်ရင်း မျှော်လင့်ချက်သေးသေးလေးထားမိတာကတော့ တကယ်ပင် ဝမ်ကောပြန်နေကောင်းလာဖို့ကိုသာသူမျှော်လင့်တယ် ယုတ်စွအဆုံး သူ့အသက်ပေးရရင်တောင်မှပေါ့ သူဆုံးဖြတ်ချက်ချပြီးတဲ့မျက်ဝန်းတွေနဲ့အတူ ပန်းကိုခေါင်းအုံးအောက်ထားလိုက်ပြီး သူအိပ်ပျော်အောင်အိပ်ဖို့ကြိုးစားလိုက်သည်

ငါ့ဇနီးလေးကငါ့ကိုဖွင့်မပြောသေးဘူးKde žijí příběhy. Začni objevovat