Part -21

685 70 2
                                    

မှန်ပြတင်းပေါက်ကနေ မှောင်မိုက်နေတဲ့ညကောင်းကင်ကြီးကိုကြည့်လိုက် ခြံထဲကိုကြည့်လိုက်နဲ့ ချစ်ရသူကိုစောင့်နေပေမယ့် သူကပြန်မလာသေး ရှောင်ကျန့်တို့အတူနေတာ သုံးလပင်ရှိပြီဖြစ်သည်  ဒီနေ့လည်းသူတို့အတူရိုက်ထားတဲ့ crush ဇာတ်လမ်းတွဲကထွက်တော့မှာကြောင့်ရော ဝမ်ကောကလည်း အတူတူကြည့်မယ်ဆိုတာကြောင့်စောင့်နေခြင်းပင် ဇာတ်လမ်းတွဲပြမည့်အချိန်ရောက်သည်အထိ ရောက်မလာသေးတာကြောင့် သူတီဗွီရှေ့ကဆိုဖာပေါ်ကြုံ့ကြုံ့လေးပြန်ထိုင်လိုက်ရင်း ရုပ်ရှင်ပြတာကို စောင့်နေလိုက်သည် သူဇာတ်လမ်းတွဲစောင့်နေတဲ့အချိန် စားပွဲခုံပေါ်တင်ထားတဲ့ဖုန်းကထမြည်လာတာကြောင့် သူစခရင်ကိုလှမ်းကြည့်လိုက်တော့ မင်ကောဆိုတဲ့စာတန်းလေး သူအစိမ်းရောင်လေးကိုနှိပ်လိုက်ပြီးစပီကာဖွင့်လိုက်တော့ ကြားလိုက်ရတဲ့စကားကသူ့နှလုံးသားကိုဓားနဲ့မွှန်းလိုက်သလိုပင်

"ရိပေါ်ကားအက်ဆီးဒန့်ဖြစ်လို့ မြို့တော်ဆေးရုံဆီလာခဲ့ ကျန့်ကျန့် ဘာမှ......"

ရှောင့်ကျန့်ဖုန်းလွတ်ကျသွားပြီးငေးငိုင်နေကာ ဖုန်းတစ်ဖက်ကမင်ကော ဘာတွေပြောနေလဲသူမကြားနိုင်တော့

"ကျန့်ကျန့်?"

"ရှောင်ရှောင်းကျန့်?"

"ကျန့်ကျန့် ဘာဖြစ်သွားသေးလဲ!?"

မင်ယဲ့ တစ်ဖက်က စကားသံမကြားရတော့တာကြောင့် ချန်ပင်းဆီဖုန်းဆက်လိုက်ပြီး ကျန့်ကျန့်ကိုသွားကြည့်ခိုင်းလိုက်သည်

'ချန်ပင်းကရိပေါ်တို့နဲ့အနီးမှာနေတာမို့အဆင်ပြေလောက်မှာပါ'

ရိပေါ်ကလည်းအခုအရေးပေါ်ခွဲစိတ်ခန်းထဲမှာ ကျန့်ကျန့်ကလည်း တစ်ခုခုဖြစ်တယ်ဆို ဒုက်ခတော့ရောက်ပြီ

'ဘာမှမဖြစ်ပါစေနဲ့'

ချန်ပင်းအိမ်တံခါးဘဲလ်တီးပေမယ့် ဘယ်သူမှလာမဖွင့်တာကြောင့် သူ့ဘာသူလျှို့ဝှက်နံပါတ်ရိုက်ထည့်ပြီး အိမ်ထဲဝင်လာလိုက်သည် တီဗွီကြီးကပွင့်နေပြီး ပြတင်းပေါက်ကလဲပွင့်နေတော့ လေကတဝှီးဝှီးနဲ့သူဆိုဖာပေါ်အကြည့်ပို့လိုက်တော့ ဖုန်းကကြမ်းပြင်ပေါ်ကျနေပြီး ငေးငိုင်နေတဲ့ သူ့အနုပညာရှင်လေးကိုတွေ့လိုက်ရသည်

ငါ့ဇနီးလေးကငါ့ကိုဖွင့်မပြောသေးဘူးWhere stories live. Discover now