"Canolaပန်းလေးရဲ့အဓိပ္ပါယ်ကပျော်ရွှင်ခြင်းတဲ့~~
ဒီပန်းလေးကိုယူပြီးအသက်တစ်ဘဝလုံးပျော်ရွှင်နိုင်ပါစေကွယ်~~~~~""............"
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _
( တစ်နှစ်အကြာ )
မြက်ခင်းစိမ်းတွေပေါ်မှာတည်ရှိနေတဲ့အုတ်ဂူအဖြူလေး
ထိုအုတ်ဂူလေးရှေ့ရပ်နေသောအဖြူရောင်ကောင်လေး
ထိုကောင်လေးရဲ့လက်ထဲမှာအဖြူရောင်ကျူးလစ်ပန်းလေးအဖြူရောင်ကျူးလစ်ပန်းလေးရဲ့အဓိပ္ပါယ်ကတောင်းပန်ခြင်းလို့လည်းအဓိပ္ပါယ်ရတယ်
ထိုကောင်လေးကထိုပန်းလေးကိုအဘယ်ကြောင့်ယူလာပါလိမ့်ထိုကောင်လေးကကျူးလစ်ပန်းလေးကိုအုတ်ဂူဖြူလေးရှေ့ချလို့ယူလာတဲ့အသီးအနည်းငယ်ကိုအုတ်ဂူရှေ့ကပန်းကန်လေးထဲထည့်ကာအမွှေးတိုင်သုံးတိုင်လောက်ထွန်းပြီးထိုအုတ်ဂူရှေ့တွင်ပဲဒူးထောက်လိုက်လေတယ်
"အကို..အေးအေးချမ်းချမ်းနေရရဲ့လား အကိုအခုကောင်းရာဘုံရာရောက်နေရောပေါ့နော်
ကျေးဇူးတင်ပါတယ်အကို အကို့ကြောင့်ကျွန်တော့်ကမ္ဘာငယ်လေးကကျွန်တော့်အနားမှာတည်ရှိနေတာ အကို့ရဲ့စိတ်ထားလှပမှုကြောင့်ကျွန်တော့်ပျော်ရွှင်မှုတွေပျောက်ကွယ်မသွားတာ အကိုဘဝဆက်တိုင်းဆက်တိုင်းပျော်ရွှင်စွာချစ်ရသူနဲ့နေရပါစေ ကျွန်တော်ဆုတောင်းပေးပါတယ်"ထိုသို့ပြောပြီးဦးသုံးကြိမ်ချကာပြန်ထသွားသောကောင်လေး
"အသက်ငယ်...!!"
နောက်ကျောဘက်ကခေါ်သံကြောင့်ရိပေါ်လှည့်ကြည့်လိုက်တော့ပြုံးရွှင်စွာသူ့အနားလျှောက်လာသောကိုကိုပင်
"အသက်ငယ်ကလည်းကိုယ့်တောင်မစောင့်ဘူး"
အနားရောက်တာနဲ့သူ့ပုခုံးကိုဖတ်ကာပြောလာသောကိုကိုပင် ရိပေါ်ကတော့ကိုကို့ရင်ခွင်ထဲမှာငြိမ်နေလိုက်တယ်
အို~~~~~
ဘာတွေလည်းဆိုပြီးကြောင်နေရောပေါ့နော်
ဒါဆိုနားလည်အောင်ပြန်ရှင်းပြရမှာပေါ့
VOCÊ ESTÁ LENDO
Canolaပန်းလေးရဲ့အဓိပ္ပါယ် (Complete)
FanficCanolaပန်းလေးရဲ့အဓိပ္ပါယ်ကပျော်ရွှင်ခြင်းတဲ့ ဒီပန်းလေးကိုယူပြီးအသက်တစ်ဘဝလုံးပျော်ရွှင်နိုင်ပါစေနော် ##XiaoZhan