ကျွန်တော့်ချစ်သူကcanolaပန်းလေးအတိုင်းပဲကျွန်တော့်ကိုပျော်ရွှင်မှုပေးနိုင်တယ်##XiaoZhan
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _"ရိပေါ်..!!!"
ချီချီကရိပေါ်နဲ့ရှောင်ကျန့်နားကိုပြေးလာပြီးရိပေါ်ကိုဖက်ထားတဲ့ရှောင်ကျန့်လက်တွေကိုဖယ်ချပစ်တယ်
"ရှင်ဒါဘာလုပ်တာလည်း..!!"
ထိုတော့မှရှောင်ကျန့်ကရိပေါ်မျက်နှာကိုသေချာပြန်ကြည့်စဥ်းစားလေတယ်။ရုပ်လေးကခပ်ဆင်ဆင်ဆိုပေမယ့်သိပ်လည်းမတူ..။
"မင်းနာမည်ကရိပေါ်လား"
ရှောင်ကျန့်ကရိပေါ်ကိုသေချာကြည့်လို့မေးလေတယ်
"ဟုတ်ပါတယ်
ကျွန်တော့်နာမည်ကဝမ်ရိပေါ်ပါ
အကိုနဲ့လည်းတစ်ခါမှမတွေ့ဘူးပါဘူး"ရိပေါ်ကယဥ်"ကျေး"လေးပြန်ဖြေလိုက်တယ်
ရိပေါ်ဒီတော့မှထိုလူကိုသေချာကြည့်မိတယ်ချောတာမှအတော့်ကိုချောတယ်။မင်းသားသာလုပ်ရင်အတော့်ကိုအောင်မြင်မယ့်ရုပ်။ပန်းဆိုင်ပိုင်ရှင်ဖြစ်နေတာကိုပင်နှမြောမိတယ်"အော်...
ကိုယ်လူမှားသွားတယ်နဲ့တူတယ်
မင်းကကိုယ့်အသိနဲ့အရမ်းတူနေလို့ပါ
တောင်းပန်ပါတယ်ကွာ...""ရပါတယ်ဗျာ... "
"နောက်ခါမမှားစေနဲ့ပေါ့..."
ချီချီကဘောက်ဆတ်ဆတ်နဲ့ပြန်ပြောလေတယ်
ရှောင်ကျန့်ကိုလည်းမျက်စောင်းတထိုးထိုးနဲ့ရိပေါ်ကိုလာဖက်လို့ကြည့်မရဖြစ်နေပုံ။"ဟုတ်ပါပြီ
ဒါဆိုအကို့ကိူသွားခွင့်ပြုပါအုံး""ဟုတ်ကဲ့ပါ.."
ရှောင်ကျန့်ကသူတို့နှစ်ယောက်ကိုကျောပေးကာထွက်သွားလေတယ်
ချီချီလည်းရိပေါ်ဘက်လှည့်ကြည့်လိုက်တော့ရှောင်ကျန့်ကိုမျက်စိပြုတ်ထွက်မတတ်ကြည့်နေလေတယ်"ဟဲ့...!!
ရိပေါ်ဘာတွေအဲ့လောက်ကြည့်နေတာလည်း""ငါ့နှလုံးသားမရှိတော့ဘူးချီချီ"
YOU ARE READING
Canolaပန်းလေးရဲ့အဓိပ္ပါယ် (Complete)
FanfictionCanolaပန်းလေးရဲ့အဓိပ္ပါယ်ကပျော်ရွှင်ခြင်းတဲ့ ဒီပန်းလေးကိုယူပြီးအသက်တစ်ဘဝလုံးပျော်ရွှင်နိုင်ပါစေနော် ##XiaoZhan