မခွဲခွာခင်အခိုက်အတန့်🥀

105 10 0
                                    


ကျွန်​တော့်ကိုချစ်တယ်တဖွဖွ​ပြောလာတဲ့လူရဲ့နှုတ်ဖျားကထွက်လာတဲ့စကားက လမ်းခွဲကြရ​အောင်တဲ့လား

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

လှလားဆိုလှတယ်
​ယောက်ျား​လေး​တစ်​ယောက်ကိုလှတယ်လို့မ​ပြောသင့်ပေမယ့်အသက်​လေးကတကယ်လှတယ်
အဝါ​ရောင်ပန်းခင်းကြီးထဲမှာပန်းခူး​နေတဲ့T- shirtအဖြူနဲ့​ကောင်​လေးကတကယ်ကိုလှတယ်
တစ်ခါတစ်ခါမို့တက်လာတဲ့ပါး​ဖောင်း​လေး​တွေကကိုက်စားချင်စရာ​
ထို​ကောင်​လေးကိုကြည့်လို့ဘာ​ကြောင့်မှန်းမသိမျက်ရည်များစီးဆင်းလာပြန်တယ်
​ပျော်ရွှင်ကြည်နူးမှု​တွေကအချိန်ကြာကြာမရနိုင်ပါလား

"ကိုကို...ငို​နေတာလား ဘာလို့လည်းဟင်.."

ဘယ်ကတည်းကသူ့​နား​ရောက်​နေမှန်းမသိ
သူ့ပါးပြင်​ပေါ်ကမျက်ရည်​တွေကိုလက်ဖဝါးနုနု​လေးနဲ့ဆွဲသုတ်​ပေး​​နေလေတယ်

"ကိုကိုက​ပျော်လို့မျက်ရည်ကျတာပါအသက်​လေးရယ်"

"ကိုကိုမျက်ရည်​တွေကိုမြင်ရင်ကျွန်​တော်နာကျင်ရလို့မငိုပါနဲ့​နော်"

သူ့ကို​မော့ကြည့်လို့​ပြောလာ​​သောအသက်​လေးရဲ့မျက်ဝန်းကခပ်​ဆွေး​ဆွေးပင် ခန္ဓာကိုယ်အရွယ်အစားချင်းသိပ်မကွာ​​ပေမယ့်အသက်​​လေးကသူ့ထက်​သေးတာ​​တော့အမှန်ပင်

"ကိုကိုမငို​တော့ဘူး​နော်"

"ဒါနဲ့ကိုကို​မေးစရာ​လေးရှိလို့
ဒီ​ဆေးကတ်​တွေကဘယ်သူ့ဟာ​တွေလည်းဟင်"

အသက်​လေးထုတ်ပြလာတဲ့​ဆေးကတ်​တွေကိုကြည့်ကာ​ရှောင်ကျန့်ပျာသွား​လေတယ်
ဒါ​တွေကိုဘယ်က​နေ​တွေ့လာတာပါလိမ့်

"အဲ့ဒါက....ပိုင်တန်းရဲ့​ဆေးကတ်​တွေ
ကိုကိုလွှင့်ပစ်ဖို့​မေ့​နေတာ"

"ကိုကိုကျွန်​တော့်အ​ပေါ်ဘာဖုံးကွယ်ထား​သေးလည်း"

"ဘာမှမဖုံးကွယ်ထားပါဘူးကွယ်
အသက်​လေးကိုဘာဖုံးကွယ်ရမှာလည်းအသက်​လေးရဲ့"

"အွန်းပါ
ည​နေကျရင်ပါးနဲ့မားကချုံချင်းလာကြလိမ့်မယ်ကိုကိုနဲ့လာ​တွေ့ကြမှာ အဲ့တာကိုကိုအသင့်ပြင်ထား"

Canolaပန်း​လေးရဲ့အဓိပ္ပါယ် (Complete)Onde histórias criam vida. Descubra agora