Part.2

815 28 0
                                    

Unicode

''ဟျောင့်မင်းညီ''

သူဧပရယ်ဆိုတဲ့ကောင်မလေးရဲ့အိမ်အားမျက်တောင်မခတ်တမ်းစိုက်ကြည့်နေတုန်းနောက်ပါးဆီမှအသံကြောင့်သူလှည့်ကြည့်လိုက်တော့သူ့သူငယ်ချင်းဝေလင်းကိုပြိုင်ဘီးတစ်စီးနဲ့တွေ့လိုက်ရလေ၏။

''မင်းဒီမှာဘာရပ်လုပ်နေတာလဲ''

''ငါမင်းဆီလာတာ''

''ဪ ကဲလာပါ အိမ်ရောက်မှပြောရအောင်''

''အေး''

ပြောပြီးဝေလင်းကအရင်စက်ဘီးစီးပြီးထွက်သွားတာကြောင့်သူလည်းကားပေါ်တက်ကာနောက်မှလိုက်သွားလိုက်သည်။

သူဝေလင်းတို့အိမ်ရောက်တော့ဧပရယ့်အကြောင်းဝေလင်းကိုမေးလိုက်ချိန်မှာကိုယ်တော်ချောကမျက်လုံးပြူးမျက်စံပြူးဖြင့်

''မလုပ်ပါနဲ့မင်းညီရာ မင်းလမ်းမှားရောက်မယ်ငါ့ကောင်''

''ဘာဖြစ်လို့လဲ''

''ကောင်မလေးကအရမ်းလှပေမယ့်ရုက္ခစိုးနှစ်ယောက်ရှိနေလို့ပေါ့''

''ဘယ်လို''

''သူ့အစ်ကိုနှစ်​ယောက်ကမြွေပွေးတွေ ထိတာနဲ့အလွတ်ပေးမှာမဟုတ်ဘူး သူတို့​​ညီမကိုသွားကြောင်ဖို့​ဆိုတာလုံးဝကိုမဖြစ်နိုင်တာ မင်းတစ်ခြားကောင်မလေးပဲရှာစမ်းပါ မင်းအတွက်ပြောနေတာ''

''ငါကအဲ့ကောင်မလေးကိုမှတစ်ကယ်ငြိတာ''

''​ေ.သလေအဲမှာ မင်းအမြဲဒီလိုပြောနေတာပဲ''

''ဒီတစ်ခါတစ်ကယ်အတည်ကွ ငါသူ့ကိုတစ်ကယ်ကြီးချစ်မိသွားတာ''

''ဖြစ်ရသေးတယ် ဘာပဲဖြစ်ဖြစ်လွယ်တော့မလွယ်ဘူး ကျားမြီးပြေးဆွဲတာမှဖြစ်နိုင်ချေရှိဦးမယ်''

''မင်းစောင့်ကြည့်နေစမ်းပါ ငါအဲကောင်မလေးကိုရအောင်လိုက်ပြမယ်''

သူဒီလိုပြောတော့ဝေလင်းကအားပေးရှာပါတယ်။

''အသက်ကိုတော့ဖက်နဲ့ထုပ်ထားပေါ့'

တဲ့။

🌿🌿

''ကိုကြီးနဲ့ကိုလေး''

အစ်ကိုနှစ်ယောက်ကသူမအားမော့ကြည့်လာပြီးမှ

''ဘာလဲ ပြောလေ''

ပိတောက်ပြောတဲ့အချစ်ပုံပြင်[completed]Where stories live. Discover now