"အာာ samကလဲ သူလား! အိမ်လွမ်းမှာ
မကဲရတာကြာတော့ ပျင်းလာလို့နေမှာပေါ့
ဟုတ်တယ်မလားး""မဟုတ်တာ! နင်ကတစ်မျိုး!"
"ဟုတ်ပါတယ်.....!"
"အေးလေ ဟုတ်နေတာကို...!
ဒါနဲ့ samကို ပြောရအုံးမယ်
သူ့အပိုင်းဆို ခုထိ နုတ်ထွက်မလာသေးဘူး!""ဒီတိုင်းဆို ရှေးဟောင်းသုတေသနပညာရှင်ကြီးတွေ တန်းစီကုန်တော့မှာပဲ"
"သမီးတို့စာလုပ်တယ်လေ sam!"
"ဟားး ဟားး"
"နင် အဲ့လိုကြီး မရယ်စမ်းးပါနဲ့!"
Sam ဂျင်က အကြံပေး၊
ထယ်နဲ့ ကျောင်းသူ,မ,လေးတွေကတော့ PowerPointအတွက် laptop တစ်လုံးစီနဲ့
အဖွဲ့ကိုယ်စီ ပြင်ဆင်နေကြရင်း တကျက်ကျက်.......၊အမြဲလိုလိုငြိမ်နေတတ်တဲ့ ဂျောင်ဂု
တစ်ယောက်ကတော့ဖြင့်
နုတ်ထုတ်စရာရှိတာထုတ် ပြင်စရာရှိတာပြင်ပြီးကိုယ့်အပိုင်းအကုန်ပြီးနေပြီမို့တည်းခိုဆောင်ထဲလည်း ၀င်,မ,နေချင်တာနဲ့
ခုံစွန်းနားသွားထိုင်နေကာ မှတ်စုစာအုပ်ပေါ်
ဟိုခြစ်ဒီခြစ်လုပ်ရင်း ဒီနေ့မှ ခါတိုင်းထက် တော်တော်လေး ပိုငြိမ်နေသယောင်။"Sam! ဟိုလေ samတို့နှစ်ယောက်
ဘယ်တော့ယူကြမှာလဲ ဟိ..""ဟဲ့....တဲ့တိုးကြီးမေးရလား ငါ့နှယ့်
samကိုအားနာစရာ""မသေချာသေးပါဘူး.....သူ့အမေကငါနဲ့အဆင်ပြေပေမယ့် အဖေကစကားပြောရတာတစ်မျိုးပဲ"
"အာာာ အဲ့တာယောက္ခထီး,ပညာပြတာ sam!
ဂရုစိုက်မနေနဲ့ ယူသာယူပစ်""Bl ကားတွေအကြည့်များပြီး တွေ့သမျှ အတင်း လိုက်ပေးစားနေတော့တာပဲ"
"ကင်မ်ထယ်!
အေး sam တို့ပြီးရင်နင့်အလှည့်လာမယ်""ဟုတ်သားပဲ.....ဟိုစီနီယာအစ်ကိုနဲ့လေ....ဟိ"
"ပေါက်တတ်ကရ...."
ဒီလိုပါပဲ မိန်းကလေးတွေ မစုမိကြနှင့် စုမိလိုက်တာနဲ့တစ်ယောက်တစ်ပေါက်ငြင်းကြခုံကြ
ငြင်းလို့လည်းမနိုင်ရော မနိုင်,နိုင်ရာမဲကာ မဂေး,ဂေးအောင် သူတို့မို့ကြံကြံဖန်ဖန်လုပ်တတ်ကြသေးသည်။
8 (zawgyi)
Começar do início