"တိမ်လွှာ...နေလို့ထိုင်လို့ကောင်းတယ်မလား"

သူတို့စကားဝိုင်းအရစ်ရှည်နေတာကို စိတ်မဝင်စားနိင်..အိမ်
ထဲတောင်မဝင်ရသေးပဲ...အိမ်ပေါက်ဝကြီးမှာတင်အလွမ်းလာသည်နေကြတာကို အမိန့် တော်တော်အမြင်ကပ်နေပြီ။
သူ့ရဲ့ ချစ်ယောက်ျားလေးမျက်နှာညိုးသွားရင်တော့ ပန်းရဂုံ
ကြောင့်ပဲ...အရေးထဲပေရှည်နေတယ်။

"ဘာတွေဖြစ်နေတာလဲ...တရားခံကိုစစ်မေးနေသလို တရစပ်ကိုပြောနေတော့တာပဲ...နောက်ခါ ရဲစခန်းကိုပို့လိုက်"

"ဘာ!"

"မြန်မာလိုပြောနေတာ နားမလည်ဘူးလား...ရဲစခန်း...ရဲစ
ခန်း"

"အမိန့်...ဘယ်လိုတွေပြောနေတာလဲကွယ်..မဦးမချွတ်...
ဘာအတွက်ရဲစခန်းပို့မှာလဲ"

"ပို့မှာ"

"အမိန့်!! မင်း"

"ဒါဆို ဖယ်ပေးကြလေ...ကျွန်တော်တို့ကမဝင်ရတော့ဘူး
လား...မဝင်ရဘူးဆိုလည်းပြော မနေချင်တာနဲ့အတော်ပဲ"

"မောင်က ခရီးပန်းလာလို့ ဒီတိုင်းပြောလိုက်တာပါ...ဗွေမယူ
ပါနဲ့နော်"

ကြားထဲ၌ ရိုးက မောင်စကားပြောမတတ်လို့ဆိုပြီး ရို့ကျိုးစွာ
တောင်းပန်လိုက်၏။ အဲ့ဒါတွေ အမိန့်က မကြိုက်တာ..ကိုယ့်
အမှားမဟုတ်လည်းတောင်းပန်...အမှားဟုတ်လည်းပိုတောင်းပန်နှင့် ဒီပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ ဒီပုံစံအချိုးသာ
ဆက်ချိုးရင် ဦးတောင်မော့လို့ရမည်မဟုတ်။

မလောက်လေးမလောက်စားဆိုပြီး ပိုပြီးနှိမ်ချဆက်ဆံလာမှာ။
မပြောချင်ဘူး။ ဒေါသက ဖြစ်ချင်လာသည်။

"ဟုတ်တယ်မေမေ...တိမ်လွှာတို့ အရမ်းခရီးပန်းလာတာနုံး
ချီနေတာပဲ...အမိန့်လည်းနားချင်နေမှာပေါ့..ညနေလောက်
ကျမှ တိမ်လွှာတို့ တစ်ဝကြီးထပ်ပြောကြမယ်လေ"

"ဟုတ်သားပဲ...ဘွားက ဆန္ဒတွေအရမ်းစောပြီးမေးမိနေတာ
သခွပ်ရိုးကော ကျန်းမာရေးကောင်းတယ်မလား..ဘယ်လိုနေ
သေးလဲ"

အခုကျမှ မကောင်းတတ်လို့ မမေးချင်မေးချင်နဲ့ စကားထဲ
ထည့်ပြောတာကြီးကို အမိန့်လုံးဝပင်မကြိုက်..ပန်းရဂုံကသူ့
ကိုတော်တော်ပင် အကုသိုလ်ပေးလွန်း၏။

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)Where stories live. Discover now