အပိုင်း (11)

Começar do início
                                    

"မင်းသမီးလီချိုးချိုး ကို ဂါ၀ရပြုကြ "

အကုန်လုံးက ခေါင်းညွှတ်ကာဖြင့် တညီတညာ ဂါ၀ရပြုကြလေသည်။

"ငါ့သူငယ်ချင်း ပုံတူကို သူ့ခွင့်ပြုချက်မရှိဘဲ လုပ်ရဲတာ သာမာန်သတ္တိ မဟုတ်ဘူးနော် "

ဆောင်ကြာမြိုင် ပိုင်ရှင်ဟာ ဒူးထောက်ကာဖြင့်

"ကျွန်တော်မျိုးမ တောင်းပန်ပါတယ် ခွင့်လွှတ်ပေးပါ"

jimin က ရယ်လိုက်ပြီး

"မင်းသမီးချိုးချိုး ကျွန်တော်မျိုးအတွက် တရားမျှတမှု ရှာပေးစေချင်ပါတယ် ကျွန်တော်မျိုး ပုံကို
ခွင့်ပြုချက်မရှိ ယူသုံးပြီး အသပြာ ရှာတာက ကျွန်တော်မျိုးကို အရမ်းစော်ကားရာရောက်ပါတယ် "

ချိုးချိုး က ခေါင်းညှိပ်ကာဖြင့်

"ကောင်းပြီ ငါ တရားမျှတမှုရအောင် ရှာပေးမယ် "

နောက်ဆုံးတော့ ဘယ်တော့မှ သူပုံယူသုံးခွင့်မရနှင့်အတူ ငွေစ ၁သိန်း လျော်ကြေးရလာလေသည်။

ငွေစ ၁သိန်း က များလိုက်သည့် အမောက်ပင်။

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

နောက်တစ်နေ့မနက်ခင်း၀ယ် .....

ညက ချိုးချိုးပြောသည့် စကားကို ပြန်ကြားယောင်လိုက်သည်။

"ငွေစ ၁သိန်း ဒါ နင့်အပိုင်ပဲ နင်ဘာလုပ်ချင်လဲ ကိုယ့်ဟာကို ဆုံးဖြတ် "

သူဆုံးဖြတ်စရာမလိုဘူး  တွေးထားပြီးသာပင်။

Jimin က ဒီငွေစ တွေကို သူ လီတိုင်းပြည်လာသည့် တစ်လျှောက် တွေ့ရခဲ့သည့် ဆင်းရဲသားတွေ ကို လှူရန်ပင်။

ဒါဆို သူ့အတွက်ကရော မရှိဘူးပဲ ... သူ့မုန့်ဖိုးက အခုတလော ဟိုဖြုန်း ဒီဖြုန်း နဲ့ လက မကုန်သေး ပိုက်ဆံက ပြတ်နေပြီ။

အိမ်က သူတွေက ဘယ်လောက် အလိုလိုက်လိုက်
ပိုက်ဆံနဲ့ပတ်သက်ရင် တော့ အရမ်း အလိုမလိုက်ဘူး

Jimin က ငွေစ တစ်သိန်းကို လီတိုင်းပြည် နဲ့ သူတို့တိုင်းပြည် က ဆင်းရဲသားရွာ အကြောင်းကို စုံစမ်းစေကာ ခွဲခြမ်းလိုက်တာ ကုန်ရော

ကိုကို့ အတွက် လှောင်အိမ်...🚫🚫🚫 (Z+U)Onde histórias criam vida. Descubra agora