သူတွေ့လိုက်သမျှကအတွင်းစိတ်ကတစ်မျိုးအပြင်ကအပြုအမူတွေကတစ်မျိုးတွေချည်းပင်။

___________________

မင်းညီရဲ့ကားလေးကရပ်ကွက်တစ်ခုထဲသို့မောင်းဝင်လာစဥ်သူ့မြင်ကွင်းထဲသို့ပုံရိပ်လေးတစ်ခုကပြေးဝင်လာတာကြောင့်သူကားကိုပါထိုးရပ်ပစ်လိုက်၏။

အ​ဖြူရောင်ပေါ်မှာပန်းရောင်နဲ့အပြာရောင်အပွင့်နုတ်နုတ်လေးတွေရောယှက်နေသောမြန်မာဝတ်စုံလေးနဲ့တင်ပါးထိရှည်သောပိတုန်းရောင်ဆံနွယ်တွေကိုတစ်ဝက်လေးခွဲစည်းထားကာပိတောက်ပန်းလေးတွေအားမမှီ့တမှီ့လှမ်းခူးနေသောမိန်းကလေးအားသူစိတ်လိုလက်ရငေးကြည့်နေမိသည်။

နောက်ကျောလေးပဲမြင်ရတောင်မှသူဘာလို့ဒီလောက်ရင်ခုန်နေမှန်းမသိ။

ဧပရယ် ရေချိုးပြီးပိတောက်ပန်းပန်ချင်လာတာကြောင့်ခြံရှေ့ကပိတောက်ပင်ကနေပြီးအမှီမကန်းနဲ့ပဲပန်းတွေအားလှမ်းခူးနေမိ၏။

ခြံထဲမှာရှိတဲ့ပန်းခက်တွေကသူမ,ခူးလို့ကုန်သလောက်ရှိနေပြီမို့ခြံပြင်မှာထွက်နေတဲ့ပန်းခက်တွေကိုထွက်ခူးရခြင်းပင်။

အပင်က​ယောကျ်ာလေးအရပ်နဲ့ဆိုမှီကောင်းမှီနိုင်ပေမယ့်သူမအရပ်နဲ့ကျတော့ခြေဖျားထောက်ပြီးခူးတာတောင်လက်တစ်ထွာစာလောက်သာလိုနေသည်။

''မှီမယ်ထင်နေတာ နေဦး ခုံသွားယူပြီးခူးမယ်''

နှုတ်ကတီးတိုးရေရွတ်နေတုန်းသူမနောက်မှာလူရိပ်တစ်ခုရောက်လာသလိုခံစားလိုက်ရပြီးတစ်ဆက်တည်းဆိုသလိုသွေးကြော​စိမ်းတွေထောင်နေသောဖြူစွတ်စွတ်လက်ဖျံကသူမမျက်နှာဘေးရောက်လာလေ၏။

ဧပရယ်ထိုလူ့အားမော့ကြည့်လိုက်ချိန်မှာစူးရှလွန်းသောသူ့မျက်ဝန်းတွေအကြည့်ချင်းလာဆုံတော့သည်။

မင်းညီသူမမျက်နှာလေးအားစိုက်ကြည့်ရင်းရင်ကခုနကထက်အဆပေါင်းများစွာပိုခုန်လာရ၏။
ပါးမို့မို့လေးထက်မှာဝါညက်ညက်သနပ်ခါးလေးအားညီညီညာညာလေးလိမ်းထားပြီးနှုတ်ခမ်းလေးကလည်းသဘာဝအတိုင်းပန်းသွေးရောက်စိုလက်နေသေးသည်။
မျက်လုံးဝိုင်းလေးတွေနဲ့သူ့အားမော့ကြည့်နေပုံလေးကလည်းဘယ်လိုအသည်းယားဖို့ကောင်းမှန်းမသိ။

ပိတောက်ပြောတဲ့အချစ်ပုံပြင်[completed]Where stories live. Discover now