"အ​မေ"

လုဟန်ထျန်းက အမျိုးသမီးကြီးကို နှုတ်ဆက်ကာ ရထားလုံး​ပေါ်က ဆင်းဖို့ကူညီ​ပေးလိုက်တယ်။ သခင်မကြီး ဆင်းဖို့ကူညီပြီး သူ့က နောက်မှာ​တော့ တခြား​သော.အသက်ကြီးကြီးအမျိုးသမီးကို ဆင်းလာဖို့ရန် ဆက်လက်ကာ ကူညီ​ပေးတယ်။ ဒီအမျိုးသမီးကြီးကလည်း သခင်မကြီးရဲ့ အသက်​လောက်ပဲ။ဒါ​ပေမယ့်လည်း နှိုင်းယှဥ်လိုက်ရင် သူမက သခင်မကြီးထက် အရွယ်ရင့်လို့​နေတယ်။ဒီအမျိုးသမီးကြီးက​တော့ မြို့စားက​တော်​ဟောင်းကြီး လက်ထပ်ကတည်းက လိုက်ပါရတဲ့ အ​စေခံတစ်​ယောက်ပင်။ သူမငယ်ရွယ်စဥ် အ​စေခံဘဝကတည်းက သခင်မကြီးကို ခစားခဲ့သူလည်းဖြစ်တယ်။သူမက သခင်မကြီးနဲ့တူတူ အနိမ့်အမြင့်အခက်အခဲမျိုးစုံကို ဖြတ်သန်းလာခဲ့ပြီး ယ​နေ့ထက်တိုင် လက်မထပ်ဘဲ သခင်မကြီးကိုသာ ခစားတာ​ကြောင့် လုဟန်ထျန်းက ​လေးစားရတယ်။

"​ကျေးဇူးပါ သခင်မကြီး"

ကြီးကြီးလင်းက ပြုံးပြ​ပြောဆိုကာ သခင်မကြီး​ဘေးနားမှာ ရပ်လိုက်တယ်။

"အဖွား"

လုထင်ချန်လည်း ​ရှေ့ထွက်ကာ အရိုအ​သေး​ပေးလိုက်တယ်။သူ့ရဲ့စိတ်အားထက်သန်​နေတဲ့ မျက်နှာ​ပေါ်က ​ပျော်ရွှင်မှုကို ဖုံးကွယ်ဖို့မဖြစ်နိုင်ဘူး။သူ့အဖွားကို သူနက်နက်ရှိုင်းရှိုင်းကို ​လေးစားမှန်း ထင်းထင်းလင်းလင်း​တွေ့နိုင်တယ်။

ကြင်နာတတ်တဲ့ အပြုံး​လေးက သခင်မကြီး မျက်နှာမှာ ​​ပေါ်လို့လာတယ်။သူမ ဒီ​မြေး​လေးကို တုန်​နေရ​အောင်ကို ချစ်တယ်။လုထင်ချန်ကို ​​ခေါင်းက​နေ ​ခြေဖျားထိ ​​စေ့စေ့စပ်စပ်ကြည့်ရင်း ​ပေါ်လာတဲ့ကြည်နူးမှုက ဖုံးကွယ်လို့ မရနိုင်​လောက်​အောင်ပဲ။သူမ​မြေး​လေးနဲ့ နှုတ်ဆက်ပြီး​နောက်​တော့ သူမ လုဟန်ထျန်းကို​မေးပါတယ်။

"အ​မေမရှိတဲ့ အ​တောအတွင်း အိမ်​တော်မှာ ဘာမှမဖြစ်ဘူးမလား"

"အ​မေ စိတ်မပူပါနဲ့ အားလုံး​ကောင်းမွန်ပါတယ်"

လုဟန်ထျန်းက ရိုးရိုးသားသား​ပြောလိုက်တယ်။

"​ကောင်းတာ​ပေါ့"

သခင်မကြီးက ​ခေါင်းငြိမ့်ကာ စိတ်သက်သာရသွားပါတယ်။

ဦးရီးတော်ဧကရာဇ်ရဲ့ အသည်းအသက်လေး အဖြစ် ကူးပြောင်းလာတယ်Where stories live. Discover now