ပုံမှန် ဂျောင်းဟန် အခန်းထဲဝင်ရင် တံခါးခေါက်နေကြပေမယ့် ဒီနေ့တော့ စိတ်ပူနေတာက အရင်မို့
ဒီတိုင်း ဝင်သွားမိတော့ ဂိမ်းဆော့နေတဲ့ ဂျောင်းဟန်ကို တွေ့လိုက်ရသည်၊ Snack ထုပ်တွေဟာလည်း
ကုတင်ပေါ်မှာ ပြန့်ကျဲနေကာ သူ့ကို မြင်တော့
လန့်သွားပြီး ဖုန်းကို ချက်ချင်း ပိတ်ချလိုက်သည်။

ရှုအာ ခဏတော့ ငြိမ်သက်ကာ ရပ်ကြည့်နေမိပြီး  နောက်တော့ ကုတင်ပေါ်ဝင်ထိုင်လိုက်ကာ
ဂျောင်ဟန် နဖူးလေးကို စမ်းလိုက်သည်။

နောက်ကလိုက်လာတဲ့ မေမေနဲ့ အန်တီကတော့
အောက်ထပ်ကို ပြန်ဆင်းသွားပြီဖြစ်တယ်။

" ကိုကိုက တကယ်ကြီး ပြန်ရောက်လာတာလား "

ဂျောင်ဟန်က သူ့လက်အား ဖယ်ချရင်း ပြောလာသည်။ မျက်လုံးလေးတွေကပါ ဝင်းလဲ့ကာ
တခုခုကို မျှော်လင့်နေပုံ။

ရှုအာ သက်ပြင်းချလိုက်ရင်း

" နေမကောင်းဘူးဆို "

လေသံအနည်းငယ်မာကာ မေးမိတော့

" ဟီး ကိုကို စိတ်မဆိုးပါနဲ့ "

မျက်နှာချိုသွေးကာ ချွဲနေတဲ့ ဂျောင်ဟာနီ့ကို
သူ့မှာ စိတ်မဆိုးနိုင်ပေမယ့် စိတ်မကောင်းတော့
ဖြစ်ရသည်။ သူ့ကို ဘယ်လောက်ထိ စိတ်ပူမိသွားလဲ
ကိုယ်, ကိုယ်တိုင်ပဲ သိသည်။ အနီးကပ်စောင့်ရှောက်ခွင့် မရသေးတဲ့ အပြင် သက်ဆိုင်သူလည်း
ဟုတ်မနေသေးသည့်အတွက် ဂျောင်ဟာနီနဲ့
ပက်သက်တဲ့ အရာရာတိုင်းကတော့
သူ့အတွက် စိတ်ပူရသည်။
တခုခု ဖြစ်ရင် သူပဲ ရင်ကျိုးရမှာလေ။

ရှုအာ့မေမေနှင့် ဂျောင်းဟန် မိဘနှပါးက
တက္ကသိုလ်မှာခင်ခဲ့တဲ့ သူငယ်ချင်းတွေ။
ရှုအာတို့သားမိ ကိုရီးယားကို ပြောင်းလာတော့
အန်တီတို့ကပဲ အစစအရာရာ ကူညီပေးခဲ့တာ
အိမ်ဘေးက ခြံကိုလည်း သူတို့အတွက်
ရောင်းပေးခဲ့သည်။

ရှုအာ့မေမေက နေ့တိုင်းအလုပ်တစ်ဖက်နဲ့ မအားသည်မို့ ငယ်ငယ်တည်းက အန်တီတို့ အိမ်ကပဲ
ရှုအာ့အတွက် စားအိမ် သောက်အိမ်ဖြစ်ခဲ့ရသည်။
အန်တီကလည်း ဂျောင်ဟာနီ့ကို ကိုယ်ဝန်မရသေးသည်မို့ ရှုအာ့ကို သားအရင်းတစ်ယောက်လို
စောင့်ရှောက်ခဲ့တာပဲ ဖြစ်သည်။

Let Me Love YouWhere stories live. Discover now