ဂျိုရှုအာ မောင်းနေသည့် ကားကို ပုံမှန်ထက်
အရှိန်ပိုမြင့်လိုက်ရင်း အမေ့ဆီဖုန်းခေါ်လိုက်တယ်စိတ်ပူတာရော ကိုယ့်ကိုယ်ကိုဒေါသထွက်တာရော
ရောထွေးနေတာမို့ ဖြောင့်တန်းနေတဲ့
မျက်ခုံးတစ်စုံဟာ အနည်းငယ် တွန့်ချိုးနေသည်။တီ တီ တီ....
ဖုန်းက ဝင်နေပေမယ့် တစ်ဖက်မှ ချက်ချင်းမကိုင်
အော်ပရေတာက အမျိုးသမီးအသံထွက်လာချိန်မှာတော့ ဂီယာကိုသာ ဖိနင်းလိုက်ရင်း
အိမ်သို့ ရောက်ရန်သာ ရည်ရွယ်လိုက်တော့သည်။ကားကို ခြံရှေ့မှာပဲ ဖြစ်သလို ရပ်လိုက်ရင်း
ကိုယ့်အိမ် မဟုတ်တဲ့ ဘေးခြံသို့သာ ခြေလှမ်းကျဲနှင့်
မပြေးရုံတမယ် ဝင်သွားလိုက်တော့
ဧည့်ခန်းထဲမှာ ရှုအာ့ အမေ နှင့် သူ့ရဲ့ မတော်ရသေးတဲ့ ယောက္ခမတို့ စကားပြောနေကြတာကို တွေ့လိုက်ရသည် ။ ဧည့်ခန်းထဲ ဝေ့ဝဲ ကြည့်ရင်း ရင်းနှီးတဲ့ အရိပ်အယောင်လေး မမြင်ရတာမို့ အပေါ်ထပ်ကို ဦးတည်မိတော့" ဟဲ့ သား ဘယ်လိုဖြစ်ပြီး
ပြန်ရောက်လာတာတုန်း "ခြေလှမ်းတွေကို ဧည့်ခန်းကိုသာ ရွှေ့လိုက်ရင်း
အမေတို့နှင့် ဝင်ထိုင်လိုက်ရသည်။ စိတ်ကတော့
အပေါ်ထပ်မှာ ရှိနေတဲ့ ဂျစ်တူး ဆီမှာသာ" မေမေ ဘာလို့ ဖုန်းမကိုင်တာလဲ "
" အော် ဟုတ်သား ဖုန်းက အိမ်မှာ ကျန်ခဲ့တာ "
အကျီ အိတ်ထောင်ထဲကို စမ်းကြည့်ရင်း
မေမေက ပြောသည်။" သား ရှုအာ ဘာဖြစ်လို့လဲ
ဂျောင်ဟာနီက အပေါ်မှာ အိပ်နေတုန်း "" ဟုတ် ကျွန်တော် Meeting လုပ်နေတုန်း
ဟာနီ့ ဆီက မက်ဆေ့ ရလို့ , နေမကောင်းလိူ့
လာခဲ့ပေးပါတဲ့ ၊ ကျွန်တော်လည်း
meeting ပြီးတာနဲ့ ချက်ချင်းထွက်လာတာ,
အဲ့တာ မေမေ့ကို သွားကြည့်ပေးဖို့
ဖုန်းဆက်တာကို မကိုင်တာနဲ့
အခုရော သက်သာသွားပြီလားဟင် "" ဟေ မနက်က အောက်ဆင်းလာတော့
လန်းလန်းဆန်းဆန်းပါပဲ ဒီကောင်လေး "သုံးယောက်သား အချင်းချင်း ကြည့်လိုက်ကြရင်း
ဂျိုရှုအာ ဝုန်းခနဲ ထကာ အိမ်ပေါ်ထပ်သို့
ပြေးတက်လိုက်မိသည်။
YOU ARE READING
Let Me Love You
Fanfiction" အချစ်ဆိုတာကို ကျွန်တော် သေချာ မသိဘူး မသိချင်သေးဘူး " " ကိုယ်စောင့်ပါ့မယ် " - Written In Burmese #JHHJ