အပိုင်း ၂၂

Start from the beginning
                                    

ခုလဲ ဒါတွေကရုန်းထွက်နိုင်အောင် ဝင်းကို မိန်းကလေးတစ်ယောက်နဲ့အောင်သွယ်ပေးပါလို့ပြောနေတာကို ဝင်းကိုကအကြောက်အကန်ကိုငြင်းနေသည်။

''စာပဲလုပ်စမ်းခတ္တာ စာစစ်ပွဲလာတော့မယ် ဒါတွေတွက်အချိန်ပေးဖို့လိုသေးသလား''

''ခက်တာပဲဝင်းကို စာကငါလုပ်စရာမလိုဘူးနော် အခုနေစာမေးပွဲလာရင်တောင်ဖြေနိုင်တယ်အကုန်''

''ငါဘယ်လိုပြောရပါ့ခတ္တာရယ်''

''ငါ့အတွက်ပြောတာငါနားလည်ပါတယ်ဝင်းကိုရာ ငါ့မှာလဲငါ့အခက်ခဲနဲ့ငါဟ''

ခတ္တာသက်ပြင်းရှည်တစ်ချက်ချပြီးနောက်ပြောလိုက်၏။အမှတ်တမဲ့'ငါ့အခက်ခဲနဲ့ငါဟ'ဆိုတဲ့စကားကိုပြောပြီးမှခွီးခနဲရယ်မိသည်။ ခတ္တာမြမြကားမကြည့်ရတာတောင်ကြာနေပြီ တစ်ခါတစ်လေတော့လေ ဖုန်းလေးဘာလေးလွမ်းမိသား။

''ရည်းစားထားချင်စိတ်ဖျောက်လိုက်စမ်းကျုပ်တို့နားမယ်လာမယ့်အပတ်ထဲဘုရားပွဲစျေးရှိတယ် တူတူသွားရအောင်လား''

''ဟာတကယ်လား ဘာတွေရှိလဲ''

''အစုံအလင်ပေါ့ ဘုရားတည်တဲ့နှစ်ပတ်လည်ရက်တိုင်းပွဲစျေးအကြီးကြီးလုပ်ကြတာ သဘင်တွေဇာတ်တွေပါရှိတယ် သွားချင်သလား''

သဘင်တွေ ဇာတ်တွေ ခတ္တာသိပ်မကြိုက်သော်လည်း ကြည့်တော့ကြည့်ရမည် DJ တို့ စတိတ်showတို့ တောင်းဆိုနေလို့မှမရတာ သူ့ခေတ်သူ့အခါ ။ ဝင်းကိုကခတ္တာအားဘုရားပွဲစျေးအကြောင်းပြကာ စကားလမ်းကြောင်းလွှဲနိုင်သွားသော်ကြောင့်တပြုံးပြုံးနှင့်ကျေနပ်နေသည်ကိုခတ္တာမသိလိုက်ပါ။

''ခုထဲကသွားချင်နေပြီမေရီ့ကိုပါခေါ်ရအောင်''

''ဒါဖြင့် ငြိမ်ငြိမ်လေးနေလိုက်တော့အဲ့ကျမင်းလိုချင်တာအားလုံး ဒီက ကိုကိုကြီးဝယ်ပေးမယ်''

''ဘောကို ကိုကိုကြီးလား နရင်းအုပ်လိုက်လို့လကမ္ဘာပေါ်တန်းရောက်သွားမယ်''

''ဟားဟား အရိုင်းစိုင်း ချစ်စဖွယ်​လေးပါလား ဒါကြောင့်ပဲကိုကိုကြီးအသည်းစွဲလေးဖြစ်နေတာကိုး''

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Where stories live. Discover now